တစ်သက်လုံးပျော်ရွှင်စေဖို့ တစ်နေ့ကို တစ်မိနစ်စီအချိန်ယူကြစို့။

blank

တကယ်တော့ ပျော်ရွှင်မှုဆိုတာ လူတွေထင်နေသလို ရယူဖို့ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ အချိန်တစ်မိနစ်လောက်လေးပေးရုံနဲ့ ပျော်ရွှင်မှုကိုရယူနိုင်မယ့်နည်းလမ်းလေးတွေကို သုတေသီတွေ က လေ့လာတွေ့ရှိထားကြပါပြီ။ ဒီအချက်ကို လူအများကြီးကို လေ့လာမေးမြန်းပြီးမှ ရရှိခဲ့တာ ဖြစ်ပါ တယ်။

သင့်စိတ်ချမ်းသာမှုကို ဖန်တီးဖို့ ရေးစရာမှတ်တမ်း စာအုပ်လေးတစ်အုပ်ရယ်၊ အချိန်တစ်မိနစ် ရယ်ပဲလိုအပ်ပါတယ်။

မှတ်တမ်းစာအုပ်လေးမှာ ဒီနေ့၊ ဒါမှမဟုတ် မနေ့က အဖြစ်အပျက်တွေထဲက ကျေးဇူးတင်စရာ လေးတွေကို သုံးခုမှ ငါးခုအထိ ချရေးပါ။  အဲ့ဒီကျေးဇူးတင်စရာလေးတွေဟာ လူပုဂ္ဂိုလ်အချင်းချင်း ဆက်ဆံရေးကနေ ရရှိတဲ့အရာလေးတွေဖြစ်နိုင်သလို၊ တီဗွီကြည့်ရင်း၊ စာအုပ်ဖတ်ရင်း၊ သီချင်းနား ထောင်ရင်း၊ gym သွားရင်းကနေ တွေ့လာရလာတဲ့ အကြောင်းလေးတွေလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီ အချက်လေးတွေ ချရေးဖို့အချိန်ကိုလည်း ထွေထွေထူးထူးယူနေစရာမလိုပါဘူး။ မနက်ဘက် ကော်ဖီ သောက်ရင်းဖြစ်ဖြစ်၊ အိပ်ရာဝင်ခါနီး ခုတင်ပေါ် လဲလျောင်းရင်းဖြစ်ဖြစ်လည်း လုပ်လို့ရပါတယ်။ လေ့လာတွေ့ရှိမှုအရ အဲ့ဒီမှတ်တမ်းလေးဟာ သင့်ကိုယ်သင်အသေးစိတ်ပြန်လည် တွေ့ရှိစေပြီး နေ့စဉ်ဘဝကိုလည်း ပိုပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလာနိုင်စေပါတယ်။ ကြာလာတဲ့အခါ မှတ်တမ်းရေး ဖို့ကိုလည်း ပိုစိတ်အားထက်သန်လာမှာဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တစ်နေ့ချင်းစီရဲ့ပျော်ရွှင်မှုတွေကိုစုပေါင်းသွားတဲ့အခါ သင်လည်း တစ်သက်လုံးပျော်ရွှင်လို့ရပြီ ပေါ့နော်။ ကဲ… သင်ကောနည်းလမ်းလေးကို ကျင့်သုံးဖို့အဆင်သင့်ဖြစ်နေပြီလား။

ပျော်ရွှင်မှုတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။