မိခင်တစ်ယောက်ရဲ့ အစွမ်း

blank

ကျွန်မရဲ့ ကလေးဘဝမှာ လုံးဝမမေ့နိုင်တဲ့၊ အခုထိ အမှတ်ရနေတဲ့ အဖြစ်အပျက်လေးတစ်ခုရှိတယ်။

ကျွန်မ ၄ နှစ်သမီးလောက်မှာပေါ့။ ကျွန်မ မေမေ့ကို လိမ်ပြောမိခဲ့တယ်။ မေမေက ကျွန်မလိမ်ပြောတာကို သိသွားတော့ ကျွန်မကို ခေါ်တယ်။ ကျွန်မက အဆူအရိုက်ခံရမှာကို သိပ်ကြောက်နေခဲ့တယ်။

ဒါပေမဲ့ မေမေက ကျွန်မကို သာသာလေးပွေ့ချီပြီး သူ့ဒူးပေါ်မှာတင်၊ ကျွန်မကို ဖက်ထားခဲ့တယ်။ ပြီးတော့ ကျွန်မလုံးဝမေ့မရနိုင်တဲ့ စကားကို ပြောခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“သမီးလေး… သမီးလေးကို မေမေက အရမ်းချစ်တာ သမီးသိတယ်နော်။ ဒါပေမဲ့ မေမေလေ… ငါ့သမီးလေးဒီလို လိမ်ညာပြောနေမယ့်အစား သမီးသေသွားရင်တောင် ပိုကောင်းသေးတယ်လို့ တွေးမိတယ်။” တဲ့။

မေမေ့ရဲ့ ဒီစကားက ကျွန်မနှလုံးသားထဲကို မြားတစ်စင်းလို စိုက်ဝင်သွားတယ်။ အဲဒီကတည်းကစပြီး ဒီနေ့ဒီအချိန်ထိ ကျွန်မ အလိမ်အညာစကား လုံးဝမပြောတော့ဘူး။ ကောင်းကောင်းဆိုးဆိုး အမှန်တရားကိုပဲ အမှန်အတိုင်းပြောဖြစ်ခဲ့တယ်။

ဟုတ်ပါတယ်။ လူတစ်ယောက် လမ်းမှန်မှာ ရိုးသားဖြောင့်မတ်စွာလျှောက်နိုင်ဖို့ ထိန်းကျောင်းလမ်းညွှန်ပေးနိုင်တဲ့ စွမ်းအားက မိခင်တိုင်းမှာရှိနေပါတယ်။ မိခင်တိုင်း ဒီစွမ်းအားကို အကောင်းဆုံး အသုံးချနိုင်ပါစေလို့ မျှော်လင့်မိပါတယ်ရှင်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။