သင့်မှာရှိတဲ့အရာကို တန်ဖိုးထားပါ။

blank

စုံတွဲတစ်တွဲဟာ လက်ထပ်ပြီး ၁၁ နှစ်ကြာမှ သားယောက်ျားလေးတစ်ယောက် ရပါတယ်။ အ သက်ကြီးမှရတဲ့ရင်သွေးဖြစ်တာကြောင့် လင်မယားနှစ်ယောက် ကလေးကို ချစ်လို့မဝနိုင်စရာပါပဲ။

သားလေးကဆော့ကစားတတ်တဲ့ ၂ နှစ်ဝန်းကျင်အရွယ်ရောက်လာပါတယ်။ နံနက်ခင်းတစ်ခု မှာ ခင်ပွန်းသည်က အလုပ်သွားဖို့ ပြင်ဆင်ရင်းနဲ့ ဆေးပုလင်းအဖုံးပွင့်နေတာကို တွေ့လိုက်ရတယ်။ အ လုပ်က အရေးကြီးနေပြီမို့ ခင်ပွန်းသည်က မီးဖိုခန်းထဲက ဇနီးသည်ကို အဖုံးပိတ်ဖို့ သတိပေးပြီး မြန် မြန်ထွက်သွားတယ်။ မီးဖိုခန်းထဲရောက်နေတဲ့ ဇနီးသည်ကလည်း အလုပ်ရှုပ်နေတာကြောင့် ပုလင်းဆီ ကို ချက်ချင်းထွက်မသွားဖြစ်ပါဘူး။ ကလေးဟာ ပုလင်းကိုမြင်တော့ ဆော့ကစားရင်းနဲ့ ပုလင်းထဲရှိနေ တဲ့ဆေးအားလုံးကို မော့သောက်ပစ်လိုက်တော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လူကြီးတောင် ပမာဏအနည်းငယ်ပဲသောက်ရတဲ့ဆေးကို ကလေးက တစ်ပုလင်းလုံးမော့ သောက်ပစ်လိုက်တာမို့ ချက်ချင်းပဲ အဆိပ်ဖြစ်ပြီး လဲကျသတိလစ်သွားတယ်။ မိခင်က ကလေးကို ဆေးရုံကို အပြေးအလွှားပို့ပေမဲ့ အသက်မမီတော့ပါဘူး။ ကလေးဆုံးသွားခဲ့ရှာတယ်။ မိခင်ဖြစ်သူခမျာ လည်း ယူကျုံးမရစိတ်၊ ခင်ပွန်းသည်ကို ဘယ်လိုမျက်နှာချင်း ဆိုင်ရမှန်းမသိတော့တဲ့ ကြောက်လန့် စိတ်တွေနဲ့ ငိုရှိုက်နေခဲ့တယ်။ ခင်ပွန်းဖြစ်သူဆေးရုံကို အပြေးအလွှားရောက်လာချိန်မှာ ကလေးက သေဆုံးနေခဲ့ပါပြီ။ သူက ဇနီးသည်ကိုကြည့်ပြီး စကားတစ်ခွန်းပြောလိုက်ပါတယ်။

“ ကိုယ်မင်းကိုချစ်ပါတယ် မိန်းမရယ် ” တဲ့။

ခင်ပွန်းဖြစ်သူဆီက မျှော်လင့်မထားတဲ့တုံ့ပြန်မှုကြောင့် အမျိုးသမီးအံ့အားသင့်သွားတယ်။ ခင် ပွန်းသည်ဟာ ဝမ်းနည်းကြေကွဲနေပေမဲ့ ဒေါသမထွက်ဘဲ တည်ငြိမ်နေတယ်။ ဘာပဲဖြစ်ဖြစ် သေတဲ့လူ က သေသွားပြီမို့ အသက်ပြန်ရှင်မလာနိုင်တော့ပါဘူး။ ဒါကြောင့် နောင်တတွေနဲ့ပူဆွေးနေတဲ့ ဇနီး သည်ကိုလည်း ပြစ်တင်ဆူပူကြိမ်းမောင်းမနေတော့ပါဘူး။ အဲ့ဒီလိုတွေးကြစတမ်းဆိုရင် ဆေးပုလင်း အဖုံးပွင့်နေတာကို အရင်စမြင်ခဲ့ချိန်ကသာ ပိတ်ခဲ့မိရင် အခုလိုအဖြစ်တွေ ကြုံရစရာမရှိတော့ပါဘူး။ ဇနီးသည်ခမျာလည်း အသည်းနင့်အောင်ချစ်ရတဲ့တစ်ဦးတည်းသော သားလေးကို ဆုံးရှုံးလိုက်ရ တာမို့ ဒီအချိန်မှာ ခင်ပွန်းသည်ဆီက နွေးထွေးတဲ့နှစ်သိမ့်မှု၊ စာနာမှုတို့ကို လိုအပ်နေခဲ့မှာပါ။ ဒါတွေကို တွေး ပြီး ခင်ပွန်းသည်က ဇနီးသည်ကို အပြစ်မဆိုတော့ဘဲ နွေးထွေးမှုပေးခဲ့တာပါ။ အမှားကို လိုချင်လို့ တမင်ကျူးလွန်သူဆိုတာ လောကကြီးမှာ ဘယ်သူမှမရှိပါဘူး။

ဒါကြောင့် ဖြစ်ပြီးသားတွေ ပြန်ပြင်လို့မရတော့မယ့်အတူတူ အငြိုး အတေးတွေ၊ ခွင့်မလွှတ်ခြင်း တွေနဲ့ အပူမီးတွေပိုတိုးအောင်ပြုလုပ်မယ့်အစား ခွင့်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးဖတ်ပြီး တစ်ခုခုခံစားရတယ်ဆိုရင် comment box မှာ ရေးခဲ့ပါဦးနော်။