အခက်အခဲပြဿနာတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်

blank

မူလတန်းကျောင်းသားဘဝက သင်္ချာအလီမရတာက အကြီးဆုံး အခက်အခဲဖြစ်ခဲ့တယ်။

ဆယ်တန်းကျောင်းသားဘဝမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့က အသက်လောက်အရေးကြီးခဲ့တယ်။

ဆယ်ကျော်သက်အရွယ်မှာ ဆန့်ကျင်ဖက်လိင်ရဲ့ စိတ်ဝင်စားမှုရဖို့ ရင်ခုန်စိတ်လှုပ်ရှားခဲ့တယ်…

အလုပ်အကိုင်ကောင်းကောင်းရဖို့ လုပ်ငန်းခွင်တွေဆီမှာ အပြိုင်တိုးရင်း အသက် (၂ဝ) အရွယ်ကို ကျော်ဖြတ်ခဲ့ရတယ်။

ချစ်သူဆီက ချစ်စကားကြားရဖို့ စောင့်ဆိုင်းရတဲ့အချိန်တွေဟာ နာရီလက်တံတွေဟာ အလေး မ ထားရသလို လေးလံနေခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ချစ်သူရဲ့မိဘတွေဆီက “ကြည်ဖြူသဘောတူတယ်” ဆိုတဲ့ စကားလေးကို မကြားရခင်တုန်းက ဘဝကြီးဟာ ပြေးလမ်းပေါ်ရောက်နေသလိုပဲ မောပန်းနွမ်းလျနေခဲ့တယ်။

လုပ်ငန်းခွင်အတွင်းမှာ ကြုံတွေရတဲ့အခက်အခဲတွေ…

အချစ်ရေးအဆင်မပြေမှုကြောင့် ကျနေတဲ့မျက်ရည်တွေ…

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ခံစားနေရတဲ့ နာကျင်ခြင်းတွေ အားလုံးဟာ ကြုံတွေ့နေရတဲ့အချိန်မှာသာ ဝမ်းနည်းကြေကွဲစရာတွေနဲ့ ပြည့်နှက်နေပေမယ့် အချိန်ကာလတစ်ခုရောက်လာတဲ့အခါ၊ ဖြေရှင်းကျော်လွှားပြီးတဲ့အခါမှာ ဘာမှအရေးမကြီးတော့ပါဘူး။

သင်အသက်အရွယ်ရလာတဲ့အခါ ငယ်ငယ်တုန်းက အကြောင်းကို ပြန်တွေးကြည့်တိုင်း အဲဒီပြဿနာတွေဟာ သင့်ကိုမပူလောင်စေတော့ပါဘူး။ အသက်အရွယ်တစ်ခုအရောက်မှာ သင်္ချာပုစ္ဆာတွေက သင့်ကိုရင်ပူအောင်မစွမ်းဆောင်နိုင်တော့သလို၊ ဆယ်တန်းအမှတ်တွေကလည်း သင့်ကိုရင်မခုန်စေတော့ပါဘူး။ ပြဿနာ၊အခက်အခဲတွေကြောင့် စိတ်ညစ်နေရတယ်ဆိုရင် သင်ကျော်ဖြတ်နိုင်ခဲ့တဲ့ ဘဝမှတ်တိုင်တွေကို ပြန်ပြောင်းတွေးကြည့်ပါ။ အချိန်ကာလတစ်ခုအရောက်မှာ ပြဿနာတိုင်းဟာ တွေးကြည့်တိုင်းပြုံးချင်စရာလေးဖြစ်သွားမှာ သေချာပါတယ်။

ဒါကြောင့် လက်ရှိပြဿနာတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင် ပြဿနာတွေဆိုတာ ရေရှည်တည်တံ့နေမယ့်အရာတွေမဟုတ်ဘူးဆိုတာကို သတိရလိုက်ပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။