ဒီမျှော်လင့်ချက် (၃) ခုကို လက်လွှတ်လိုက်တာ အကောင်းဆုံးပါပဲ

blank

ဘဝရဲ့ အကြီးမားဆုံးစိတ်ညစ်ခြင်းတွေက မျှော်လင့်စောင့်စားခြင်းတွေကနေ စတင်ပါတယ်။ သူများတွေအပေါ်မှာထားတဲ့ မျှော်လင့်ချက်တွေကို လျှော့ချနိုင်ရင် ဘဝကပိုပြီးနေပျော်သွားပါတယ်။ မျှော်လင့်စောင့်စားခြင်းတွေကို လျှော့ချပြီး တကယ်အရေးပါတဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်သင့်တယ်မဟုတ်လား။

မျှော်ကိုးခြင်းတွေမရှိတာက စိတ်ညစ်စရာတွေမရှိဘူးလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ မျှော်ကိုးခြင်းတွေမရှိတော့ရင် စိတ်တွေ လွတ်လပ်ပေါ့ပါးသွားပြီး ဘဝမှာ နေပျော်စေပါတယ်။ အထူးသဖြင့် ဒီအရာ (၃) ခုနဲ့ ပတ်သတ်တဲ့ မျှော်လင့်ချက်တွေကိုပေါ့။

၁။ သူများတွေရဲ့ အတည်ပြုမှုကိုရဖို့ မျှော်လင့်နေခြင်း

သင့်အလုပ်ကို သင့်ကိုယ်ပိုင်အတွေးအမြင်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ပါ။ မလိုအပ်ဘူးထင်ရင် ဘယ်သူ့ခွင့်ပြုချက်ကိုမှ စောင့်စားမနေပါနဲ့။ သင်အဆိုတော်ဖြစ်ချင်လား… ဘယ်သူ့ရဲ့ ခွင့်ပြုချက်ကိုမှမစောင့်ဘဲ ဂီတကိုလိုက်စားပါ။ သင့်ဝါသနာနောက်ကို လိုက်ပါ။ ဘယ်သူ့ရဲ့ အကြံဉာဏ်၊ ကြည်ဖြူမှုကိုမှ စောင့်မနေပါနဲ့။

၂။ သူများတွေရဲ့ နှစ်သက်မှုကိုရဖို့ မျှော်လင့်နေခြင်း

သူများတွေရဲ့ ကြိုက်နှစ်သက်မှုရဖို့ကြိုးစားရင်း သင့်အချိန်တွေကို အကုန်ခံတော့မှာလား။ ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် သင်ကြိုက်တာသင်လုပ်ပါ။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးဆက်ကို စံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးဆက်ကို သင်ခံရမယ်။ သင့်ရဲ့ တန်ဖိုးဆိုတာ သူများတွေသင့်ကိုနှစ်သက်မှ မြင့်တက်လာမှာမဟုတ်ပါဘူး။ သင့်တန်ဖိုးက မြင့်ပြီးသားပဲမဟုတ်လား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သူများတွေကို သင်ဖြစ်စေချင်သလိုဖြစ်ဖို့ မျှော်လင့်နေခြင်း

ဘယ်သူ့ပေါ်ကိုမဆို သင်ဖြစ်စေချင်သလိုဖြစ်လာဖို့ မမျှော်လင့်ပါနဲ့။ ဒါဆိုရင် သူတို့ရဲ့ အရှိအတိုင်းလက်ခံနိုင်လာပါလိမ့်မယ်။ သူတို့ပြောတာတွေကို နားထောင်ပါ။ သူတို့ရဲ့ ရင်ထဲမှာရှိနေတဲ့ ဆန္ဒတွေကို နားထောင်ပါ။ လူတိုင်းရဲ့ စိတ်ဆန္ဒနဲ့ ရည်မှန်းချက်တွေကို လေးစားပေးသင့်တယ်မဟုတ်လား။ ဘာမျှော်လင့်ချက်မှ မထားဘဲနဲ့လေ။

ဒီမျှော်လင့်ချက် (၃) ခုကို လက်လွှတ်လိုက်ပါ။ တကယ်ကို စိတ်ဖိစီးမှုတွေကင်းသွားပြီး ပျော်ရွှင်ပေါ့ပါးတဲ့ဘဝကြီး ဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ သင့်ဘဝကို ရှေ့ဆက်ကြိုးစားဖို့ စိတ်ဓာတ်ခွန်အားတွေလည်း ရလာပါလိမ့်မယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။