ဖြောင့်မတ်သူနဲ့ မဖြောင့်မတ်သူကြားက ကွာဟချက်များ

blank

ဖြောင့်မတ်သူက အာရုံစိုက်ခံရအောင်လုပ်တာမျိုး ရှောင်တယ်။

မဖြောင့်မတ်သူက အာရုံစိုက်ခံရဖို့ကို အပူတပြင်းကြိုးစားတယ်။

ဖြောင့်မတ်သူက ကြွားဝါရမှာရှက်တယ်။

မဖြောင့်မတ်သူက အချိန်ပြည့်ကြွားဝါနေတယ်။

ဖြောင့်မတ်သူက လူကြိုက်များအောင်ကြိုးစားတာမျိုးတွေ ရှောင်တယ်။

မဖြောင့်မတ်သူက လူတွေကြိုက်ဖို့ပဲ အမြဲကြိုးစားတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဖြောင့်မတ်သူက ကိုယ်ပိုင်အမြင်ကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြသတယ်။

မဖြောင့်မတ်သူက အတင်းအဖျင်းပဲ အမြဲပြောနေတယ်။

ဖြောင့်မတ်သူက တစ်ဖက်သားအပေါ် တန်ဖိုးထားပြီး မကြာခဏချီးကျူးတတ်တယ်။

မဖြောင့်မတ်သူက တစ်ဖက်သားအပေါ် အပြစ်တင်ဝေဖန်ပြီး ကိုယ့်ကိုယ်ကိုပဲ ချီးကျူးတယ်။

ဖြောင့်မတ်သူက စိတ်ထားကောင်းပြီး အချိန်ပြည့်ကူညီတတ်တယ်။

မဖြောင့်မတ်သူက ကိုယ့်အတွက်လိုအပ်မှသာ တစ်ဖက်သားအပေါ်ကောင်းတတ်တယ်။

ဖြောင့်မတ်သူက ကတိပေးပြီးရင် တည်အောင်ကြိုးစားတယ်။

မဖြောင့်မတ်သူက ကတိလွယ်လွယ်ပေးပြီး လွယ်လွယ်ပြန်ဖျက်တတ်တယ်။

ဖြောင့်မတ်သူက လူတိုင်းကို တစ်ပြေးညီ လေးလေးစားစားဆက်ဆံတယ်။

မဖြောင့်မတ်သူက သြဇာအာဏာရှိတဲ့သူကိုသာ အလေးထားဆက်ဆံတယ်။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် LIKE & SHARE လိုက်ပါနော်။