လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ ဘာလဲ

blank

ထွက်ခါနီး  လေယာဉ် တစ်ခုမှာ လူတွေနေရာဝင်နေတုန်းမှာပေါ့….

ကျိကျိတက်ချမ်းသာပုံရတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမနဲ့အတူထိုင်ရမယ့် အမျိုးသားကြီးကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်မိတယ်။ ဒီလောက်နုံချာတဲ့သူနဲ့ တစ်ခရီးတည်းအတူတူသွားရမယ့် အဖြစ်ကိုတွေးပြီး တွန့်ဆုတ်သွားမိတော့တာပေါ့။ အဲ့ဒါနဲ့ပဲ သူမက လေယာဉ် မယ်ကို ခေါ်ပြီး သူမကိုခုံပြောင်းပေးဖို့ တောင်းဆိုလိုက်တော့တယ်။ “ကျေးဇူးပြုပြီး ငါ့ကိုအခြားနေရာတစ်ခုလောက် မြန်မြန်ရှာပေးပါ။ ဒီနေရာမှာ ငါမထိုင်နိုင်ဘူး” လို့ ရိုင်းရိုင်းပြပြပြောလိုက်တယ်တဲ့.

လေယာဉ် မယ်ကတော့ မျက်နှာကိုအတတ်နိုင်ဆုံးပြုံးထားပြီး “တောင်းပန်ပါတယ်အန်တီ economy class က ပြည့်နေတာကြောင့် အန်တီ့ကို အခုချက်ခြင်း အခြားနေရာတစ်ခုပြောင်းပေးဖို့ အဆင်မပြေသေးပါဘူးရှင့်” လို့ ပြောလိုက်သတဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အမျိုးသမီးက ဒေါသထွက်သွားပြီး

ဒီမှာမိန်းကလေး မင်းရဲ့အခက်အခဲကို ငါနားလည်ပါတယ်။ ဒါပေမဲ့ ဒီလောက်စုတ်ပြတ်သတ်နေတဲ့ လူတစ်ယောက်နဲ့ ငါတစ်ခရီးတည်း မသွားနိုင်ဘူး” လို့ပြောလိုက်တဲ့အခါမှာ သူ့ဘေးမှာထိုင်နေတဲ့ အမျိုးသားက မယုံနိုင်တဲ့မျက်လုံးတွေနဲ့ လေယာဉ် မယ်ကို ကြည့်လိုက်တာပေါ့။ အဲဒီအချိန်မှာ လေယျာဉ်မယ်က “ကောင်းပါပြီ အန်တီ ကျွန်မဒီကိစ္စကို လေယာဉ်မှူး နဲ့ တိုင်ပင်လိုက်ပါဦးမယ်ရှင့်” လို့ပြောပြီး ထွက်သွားသတဲ့။ မိနစ်အနည်းငယ်အကြာမှာတော့ လေယာဉ်မယ်ပြန်ရောက်လာပြီး “လေယာဉ်မှူးက ကျွန်မတို့ first class မှာ နေရာတစ်နေရာရနိုင်သေးတယ်လို့ပြောပါတယ်။ မနှစ်မြို့စရာလူတစ်ယောက်နဲ့ ဘေးချင်းကပ်ရပ်ထိုင်ခဲ့ရတဲ့အတွက် စိတ်မကောင်းပါဘူး လို့လည်းမှာလိုက်ပါတယ်” လို့ပြောလိုက်တဲ့အခါ  အမျိုးသမီးရဲ့ မျက်နှာမှာ အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံးနဲ့ ဝေဆာလို့ပေါ့။

လေယာဉ်မယ်က အဘိုးအိုကို လက်ကမ်းပေးရင်း “ဆရာ ကျွန်မနဲ့အတူ first class ကို ကြွပါရှင့်” လို့ ပြောလိုက်တဲ့အခါ သူတို့အဖြစ်ကို စောင့်ကြည့်နေကြတဲ့ ခရီးသည်တွေအကုန်လုံးဟာ နှစ်ထောင်းအားရ လက်ခုပ်တီးလိုက်တော့တယ်။

လူတစ်ယောက်ရဲ့ အဆင့်အတန်းကို အသွင်အပြင်တစ်ခုတည်းနဲ့ တစ်ဖက်သတ်မဆုံးဖြတ်လိုက်ပါနဲ့။

ကိုယ်ကျင့်တရားကောင်းမွန်မှုတွေ၊ ယဉ်ကျေးပျူငှာခြင်းတွေနဲ့ မိမိရဲ့ အဆင့်အတန်းမြင့်မားကြောင်း သက်သေပြလိုက်ရအောင်။

သဘောကျနှစ်ခြိုက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦးနော်။