ဘဝကို ဖြိုလှဲဖျက်ဆီးပစ်နိုင်တဲ့ အဆိုးမြင်အတွေးများ

blank

စာချစ်သူတို့ရေ…

လူတစ်ယောက်ရဲ့ဘဝတက်လမ်းကို ပိတ်ဆို့တားဆီးထားနေတဲ့အရာတွေထဲမှာ အဆိုးမြင်အတွေးတွေ လည်း ထိပ်ဆုံးကပါပါတယ်။ ဒါကြောင့် ဘဝထဲကနေ သတိထားဖယ်ထုတ်ပစ်သင့်တဲ့ အဆိုးမြင်အတွေးတချို့ ကို ဂန္ထဝင်က မျှဝေပေးလိုက်ပါတယ်နော်။

၁။ ပြီးပြည့်စုံလိုခြင်း

လောကမှာ ပြီးပြည့်စုံတဲ့သူ၊ ပြီးပြည့်စုံတဲ့အရာဆိုတာ မရှိပါဘူး။ အဲ့ဒါကို အမြဲမျှော်လင့်နေမိရင် မျှော် လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျပြီး ဘဝပါ လဲပြိုတတ်ပါတယ်။

၂။ ကိုယ့်ကိုယ်ကို တခြားသူနဲ့ယှဉ်ပြီး အပြစ်မြင်ခြင်း

တခြားသူနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကို ညံ့တယ်လို့ထင်နေတာက ကိုယ့်ဘဝတိုးတက်လမ်းကိုယ် ဟန့်တား ထားတာနဲ့ အတူတူပါပဲ။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးခြင်း

အဲ့ဒီစိတ်ဟာ ပေါင်းမြက်တွေနဲ့တူပြီး အမြစ်ကနေမပယ်ဖျက်ပစ်နိုင်ရင် ဘဝမှာ အောင်မြင်မှုနဲ့ ဝေးတတ် ပါတယ်။

၎။ အဆိုးဆုံးတွေဖြစ်လာဖို့ပဲ အမြဲတွေးထင်ခြင်း

ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ဘယ်တော့မှ ကောင်းမလာနိုင်ဘူးထင်ရင် အဲ့ဒီအရာတွေကလည်း တကယ် ကောင်းလာမှာ မဟုတ်ပါဘူး။ မျှော်လင့်ချက်တွေကိုလည်း ပျက်စီးစေပါတယ်။

၅။ အလွန်အမင်းစိုးရိမ်ပူပန်ခြင်း

စိုးရိမ်ပူပန်နေရုံနဲ့ အရာရာက ပိုကောင်းမလာနိုင်ပါဘူး။ ပိုဆိုးတာတွေကိုပဲ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ဆင်ခြေပေးခြင်း

ဘယ်အရာကိုမဆို ဆင်ခြေပေးဖို့ပဲ အမြဲကြိုးစားနေတဲ့အခါ တင်းတိမ်ရောင့်ရဲမှုနဲ့ ပျော်ရွှင်မှုကလည်း ဘယ်တော့မှ ရောက်လာတော့မှာ မဟုတ်ပါဘူး။

၇။ အရာရာကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း

အရာရာတိုင်းကို ထိန်းချုပ်နိုင်တဲ့လူဆိုတာ မရှိပါဘူး။ အဲ့ဒါကို ကြိုးစားရင် ကျဆုံးမှာပါပဲ။ ကိုယ့်ကိုယ်ကို အပြစ်တင်မိမှာပါပဲ။

ဒါကြောင့် ဘဝမှာ အောင်မြင်မှုကို ပိုင်ဆိုင်လိုတယ်ဆိုရင် အထက်ပါ အဆိုးမြင်အတွေးတွေကို စွန့်လွှတ်လိုက်ဖို့ အကြံပြုလိုက်ပါရစေရှင်။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။