ယောက်ျားတွေထက်ပိုပြတ်သားကြတဲ့ ကျွန်မတို့မိန်းမသားတွေ

blank

           ကျွန်မတို့မိန်းကလေးတွေက ကိုယ့်ချစ်သူအပေါ်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အစစအရာရာ သည်းခံတတ်ကြပါတယ်။ ဒါပေမဲ့ သည်းခံတယ်ဆိုပြီး အခွင့်အရေးမယူပါနဲ့။ ကျွန်မတို့မိန်းမသားတွေစိတ်နာပြီး ပြတ်သားသွားပြီဆိုရင် လုံးဝနောက်ပြန်မလှည့်တော့တဲ့ စိတ်နဲ့ ယောက်ျားလေးတွေထက် ပြတ်သားကြပါတယ်။ မိန်းကလေးတစ်ယောက်က အချစ်စိတ်သေးသေးလေး ရှိနေရင်တောင် သူ့ချစ်သူအပေါ် တွယ်ကပ်နေဦးမှာပဲ။ အချစ်တွေ လုံးဝမကျန်တော့ဘူးဆိုရင်၊ ကျောခိုင်းသွားပြီဆိုရင် သေချာတယ်၊ သူဘယ်တော့မှ သူ့ချစ်သူဆီ ပြန်မလှည့်တော့ဘူး။

ဒါပေမဲ့ မိန်းကလေးတစ်ယောက် အဲဒီလို စိတ်ပြတ်သားမသွားခင် အချိန်မီပြင်ဆင်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

၁။ ဘဝထဲကထွက်သွားရလောက်အောင်ထိ ရူးမိုက်တဲ့ ယောက်ျားတစ်ယောက်ကို အနိုင်ယူဖို့အတွက် သူ့ကိုထားခဲ့ပြီး သူ့ထက်ထက်မြက်ကြောင်း ပြသတတ်ကြပါတယ်။ ဒီတော့ ချစ်သူမိန်းကလေးကို တကယ်မပြတ်နိုင်ဘဲနဲ့ ပြတ်မယ်လို့ ခဏခဏ မပြောပါနဲ့။

၂။ ယောက်ျားတွေ အထင်မှားနေကြတာက မိန်းမတစ်ယောက်ကသူ့ကိုချစ်တဲ့စိတ်ကြောင့် ဘယ်တော့မှ ထွက်မသွားဘူးပေါ့။ တကယ်ကယ်တမ်းတော့ စိတ်နာရင် လုံးဝပြန်မလာတော့ဘဲ ထွက်သွားပါတယ်။ အပိုင်တွက်ပြီး တစ်ဖက်သတ်မဆန်လွန်းပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ့်ကို နာကျင်အောင်၊ အသည်းတွေကွဲကြေအောင်၊ ကိုယ့်ကိုယ်ကို အထင်သေးအောင် လုပ်သွားတဲ့ ယောက်ျားတစ်ယောက်ဆီမှာ ဘယ်လိုအကြောင်းရင်းတွေကြောင့် ဆက်ပြီးတွယ်ကပ်နေဦးမှာလဲ။ ချစ်သူမိန်းကလေးကို ဘာအကြောင်းကြောင့်မှ နာကျင်ဝမ်းနည်းအောင် မလုပ်ပါနဲ့။

၎။ ကိုယ့်အတွက် အရေးမပါတော့ဘူးလို့ ထင်ရတဲ့အရာတွေဆီကနေ ကျောခိုင်းထွက်သွားရတာအကောင်းဆုံးလို့ ထင်တတ်ကြတယ်။ ချစ်သူမိန်းကလေးအတွက် သင်ဟာ အမြဲတမ်းအရေးပါတဲ့သူ၊ အားကိုးရတဲ့သူဖြစ်အောင် နေပါ။

၅။ ချစ်သူကောင်မလေးကို အမြဲတမ်း ဝမ်းနည်းစရာတွေပဲ မပေးပါနဲ့။ ချစ်သူတွေကြားမှာ ရန်ဖြစ်တာ၊ အထင်လွဲတာ၊ ဝမ်းနည်းရတာ သဘာဝပါ။ ဒါပေမဲ့ အလွမ်းအဆွေးနဲ့ အချစ်အနမ်း၊ အယုအယလေးတွေ မျှတပါစေ။

၆။ ချစ်သူတွေကြားမှာ လွန်လေခဲ့ပြီးသော အမှတ်တရတွေကို သတိရနေဖို့လိုပါတယ်။ ဒါပေမဲ့အရေးကြီးဆုံးက လက်ရှိနဲ့ အနာဂတ်မှာ အာရုံထားဖို့ပဲမဟုတ်လား။ အတိတ်က ပြန်ပြင်လို့မရတဲ့အမှားတွေကို အနာဂတ်အထိသယ်မသွားတာ အကောင်းဆုံးပါ။

၇။ နှစ်ယောက်ကြားမှာ ပြဿနာတွေ၊ မကျေနပ်မှုတွေ ရှိနေပြီဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြပြီး အတူတူ ဖြေရှင်းပါ။

၈။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိဖို့ အရေးကြီးပါတယ်။ စိတ်လုံခြုံမှု၊ နားလည်မှုတွေလည်း အပြန်အလှန်ပေးစွမ်းနိုင်ရပါမယ်။

မိန်းကလေးတစ်ယောက်က ချစ်သူကောင်လေးကို စိတ်ဆိုးလို့ လမ်းခွဲစကားတွေ ခဏခဏပြောတတ်ကြတယ်။ တကယ်တော့ သူတို့စိတ်ထဲမှာ တကယ်မပြတ်သားကြဘူး။ မိန်းကလေးတစ်ယောက် သူ့ချစ်သူအပေါ် ဘာစကားမှမပြောတော့ဘဲ တိတ်ဆိတ်သွားပြီဆိုရင်တော့ သူမ တကယ်ကြီးကို စိတ်ပြတ်သားပြီး ကျောခိုင်းလိုက်ပြီလို့သာမှတ်လိုက်ပါတော့။ ဒါကြောင့် မိန်းကလေးတစ်ယောက်ကို တကယ်မပြတ်နိုင်ဘဲ စိတ်နာအောင် ဘယ်တော့မှမလုပ်ပါနဲ့။

သက်ဆိုင်သူသိအောင် SHARE လိုက်ပါဦးနော်။