လူတွေ “ အမှန်” လို့ ထင်နေကြတဲ့ “ အမှား” လေးတွေ

blank
၁။ လူ့ဦးနှောက်ဟာ စွမ်းရည်ရဲ့ ၁ဝ%၊ ဒါမှမဟုတ် ၅% ကိုသာ အသုံးချတယ်။

ဦးနှောက်ဟာ လူရဲ့လှုပ်ရှားမှုပေါ်မှာ မူတည်ပြီး အလုပ်လုပ်ပုံကွဲပြားခြားနားပါတယ်။ စာအုပ် ဖတ်တဲ့အခါ ဦးနှောက်ရဲ့သက်ဆိုင်ရာအစိတ်အပိုင်းတစ်ခုက ပါဝင်လုပ်ဆောင်ပါတယ်။ နမ်းတဲ့အခါ အ ခြားအစိတ်အပိုင်းတစ်ခုက အလုပ်လုပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်ပြိုင်နက်တည်းမှာ ကား မောင်းတာ၊ ဂစ်တာတီးတာနဲ့ နှင်းလျှောစီးတာတွေကို မလုပ်နိုင်ပါဘူး။ ရှိတဲ့စွမ်းရည် ၁ဝဝ% ကို တစ် ပြိုင်တည်းအသုံးမပြုနိုင်တာဟာ ဒီအကြောင်းရင်းကြောင့် ဖြစ်ပါတယ်။

၂။ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ ပုံပြင်တစ်ခုဖြစ်တယ်။

၁၉ဝ၅ ခုနှစ်ကတည်းက ကမ္ဘာကြီးရဲ့ပျမ်းမျှအပူချိန်ဟာ ဝ.၈၆ တိုးလာပြီးဖြစ်ပါတယ်။ ဒါဟာ သိသာတဲ့ပြောင်းလဲမှုဖြစ်ပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုပမာဏတိုးမလာဘူးဆိုရင် အပူချိန် တွေကလည်း တိုးမြှင့်လာနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးရဲ့ရာသီဥတုကလည်း တကယ်ပြောင်းလဲ လာတာဖြစ်ပါတယ်။

၃။ မိုးမိတဲ့အခါ မြန်မြန်ပြေးရင် ပိုခြောက်တယ်။

ယုံကြည်သူတွေကတော့ မိုးမိတဲ့အခါ ထီးမပါရင် မြန်မြန်ပြေးတာက မိုးစက်တွေထက် ကိုယ်က ပိုမြန်ပြီး မိုးရေထိတွေ့မှုလည်း နည်းပါးလိမ့်မယ်လို့ပါ။ ဒါပေမဲ့ တကယ်လေ့လာတွေ့ရှိချက်အရတော့ မိုးရွာတဲ့အခါ မပြေးဘဲ လမ်းလျှောက်တာနဲ့ ပြေးတာက မိုးရေထိတွေ့မှုကြိမ်ရေပမာဏ အတူတူပါပဲ။ ဒါကြောင့် လမ်းလျှောက်တာက လူကို ပိုသက်သာစေပါတယ်။

၎။ အကျင့်စာရိတ္တဆိုတာ မျိုးရိုးဗီဇနဲ့ဆိုင်တယ်။  

တကယ်တော့ လူတစ်ယောက်ရဲ့အကျင့်စာရိတ္တဆိုတာ DNA မှာ မရှိပါဘူး။ ဒါဟာ ဗီဇဆို တာထက် အဲ့ဒီလူတစ်ယောက်ရှင်သန်ကြီးပြင်းရာ လူမှုဝန်းကျင်နဲ့အဓိကသက်ဆိုင်တာပါ။ မိခင်တစ် ယောက်တည်းက မွေးဖွားတဲ့ညီအစ်မနှစ်ယောက်တောင် တစ်နေရာစီကြီးပြင်းရင် အကျင့်စာရိတ္တချင်း ကွာခြားနိုင်ပါတယ်။

သိမှတ်စရာလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။