- Moisturizer ကို မှန်မှန်လိမ်းပါ။
- တခြားသူမျက်စိထဲကြည့်ကောင်းဖို့ထက် သင့်အတွက် သက်တောင့်သက်သာရှိပြီး ကြည့် ကောင်းမယ်ထင်တာကို ဦးစားပေးဝတ်ဆင်ပါ။
- မိတ်ကပ်များများလိမ်းဖို့ထက် သင့်အသားအရေအမျိုးအစား၊ သင့်မျက်နှာကျပုံနဲ့လိုက်ဖက်မယ့် မိတ်ကပ်ပုံစံကို ရွေးချယ်ပါ။
- လက်သည်းနီဆိုးပါ။ မဆိုးရင် လက်သည်းသပ်သပ်ရပ်ရပ်ညှပ်ပါ။
- ပဲများရာကျနေရင်တောင် သင်သဘောကျတာကို ဝတ်ပါ။ ဒါက သင့်ကိုယ်ပိုင်အခွင့်အရေးပါ။
- ခန္ဓာကိုယ်ကျန်းမာရေးအတွက် အစားအသောက်၊ လေ့ကျင့်ခန်းတွေနဲ့ ဂရုစိုက်ပေးပါ။
- ရယ်စရာတွေ့ရင် ရယ်ချင်သလောက် ဟက်ဟက်ပက်ပက်ရယ်ပစ်လိုက်ပါ။
- ဓာတ်ပုံရိုက်ရင် ပြုံးရယ်ပါ။
- ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်စကား လှိုက်လှိုက်လှဲလှဲ ပြောပါ။
- ချေးချွတ်တာ၊ moisturizer လိမ်းခြယ်တာမျိုးနဲ့ အသားအရေကို ကောင်းကောင်းဂရုစိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
- မှန်ကြည့်တိုင်း သင့်ကောင်းကွက်လေးတွေကို မြင်ပါ။ သင့်ကိုယ်သင်တန်ဖိုးထားပါ။
- တစ်ယောက်ယောက်က ချီးကျူးတဲ့အခါ တင့်တယ်စွာလက်ခံပါ။ ဒါက ဘဝင်မြင့်တာမဟုတ်ဘဲ သင့်ကိုယ်သင်တန်ဖိုးထားချစ်ခင်ရာကျတဲ့အပြုအမူပါ။
- နူးညံ့သိမ်မွေ့စွာနေထိုင်ပါ။ ဒါပေမဲ့ အရာရာကိုတွန့်ဆုတ်နေတဲ့ မရင့်ကျက်သူ၊ အားနည်းသူ အဖြစ်နေထိုင်တာမျိုး ရှောင်ပါ။
- အရေးကြီးကိစ္စတွေမှာ ကြိုတင်ပြင်ဆင်ခြင်းဖြင့် သင့်ကိုယ်သင် ဖိအားတွေမရှိအောင် နေပါ။
- သင့်ကြိုးစားမှုတစ်ခုပြီးမြောက်တဲ့အခါ သင့်ကိုယ်သင် လက်ဆောင်ကောင်းကောင်းနဲ့ဂုဏ်ပြုပါ။
ကဲ…သင်ကော မိန်းမချောတစ်ယောက်ရဲ့အမူအကျင့်လေးတွေကို ဘယ်နှခုလောက် ပိုင်ဆိုင်ထား ပြီးပြီလဲ။ သူငယ်ချင်းတွေကိုမျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။