ဆိုးကျိုးဖြစ်စေတဲ့ ဒေါသတွေကို ဘယ်လိုရှောင်လွှဲကြမလဲ။

blank

           ဒေါသဆိုတာ အပျက်သဘောဆောင်တဲ့စိတ်ခံစားမှုလက္ခဏာတစ်ခုဖြစ်ပါတယ်။ လူတိုင်း ဒေါသထွက်ဖူးကြသလို ဒေါသကြောင့် ပျော်ရွှင်ရတဲ့သူဆိုတာလည်း မရှိပါဘူး။ ဒေါသနောက်မှာပါ လာတဲ့ အကျိုးဆက်တွေကလည်း ကောင်းတာမရှိပါဘူး။

ဒါကြောင့် ဘယ်လိုကိစ္စမျိုးတွေမှာ ဒေါသထွက်သင့်လဲ။ မလိုအပ်ဘဲ ဒေါသထွက်မိတဲ့အခါ ဘယ်လိုထိန်းချုပ်သင့်လဲဆိုတဲ့ အကြံပြုချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ လိုအပ်တဲ့အခါမှ ဒေါသကို ဖော်ပြပါ။

ကိုယ့်တန်ဖိုးကို နားလည်အောင်ထုတ်ဖော်ပြသပြီး တစ်ဖက်သားကို ထိခိုက်နာကျင်စေလိုစိတ် မပါဝင်တဲ့ ဒေါသမျိုးဖြစ်ပါတယ်။ တချို့စော်ကားမှုတွေအတွက် ဒီလိုဒေါသမျိုးတော့ ရှိသင့်ပါတယ်။

၂။ ဒေါသထွက်ခြင်းက လောကဝန်းကျင်အတွက် မကောင်းတဲ့ရလဒ်တွေသာ ရရှိစေနိုင်တာကို သိပါ။

ဒေါသတကယ်ထွက်လာတဲ့အခါ ထိန်းချုပ်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဒေါသထွက်ပြီး စိတ်လိုက် မာန်ပါလုပ်ရင် နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ စဉ်းစားပါ။ တချို့ကိစ္စတွေက ပြန်ပြင်လို့ရပေမဲ့ ဒေါသကြောင့် ပြန်ပြင်လို့မရတဲ့အမှားတွေ ပြုလုပ်မိတာလည်း ရှိပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါ၊ နှလုံးရောဂါတို့လို ကျန်းမာရေးထိခိုက်မှုတွေလည်း ဖြစ်ပေါ်စေပါတယ်။

၃။ အပြုသဘောဆောင်တဲ့နည်းလမ်းတွေနဲ့ ဒေါသကို တည်ငြိမ်အောင်လုပ်ပါ။

အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စိတ်ငြိမ်စေတဲ့စကားလုံး၊ သို့မဟုတ် စကားစုတစ်ခုကို ထပ်ခါတလဲလဲရေရွတ်ခြင်း၊ ဦးနှောက်၊ ဒါမှမဟုတ် စိတ်ကူးထဲက စိတ်ချမ်းသာစရာ အတွေ့အကြုံ တစ်ခုကို မြင်ယောင်ကြည့်ခြင်း၊ ကြွက်သားသက်တောင့်သက်သာဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းတို့က ဒေါသစိတ်ကို ထိန်းချုပ်ပြီး စိတ်ကိုတည်ငြိမ်စေပါတယ်။

ဂန္ထဝင်စာချစ်သူများအားလုံးလည်း ဒေါသကြောင့်ဖြစ်ရတဲ့အပူတွေကင်းဝေးပြီး စိတ်အေးချမ်း ပျော်ရွှင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

စာစောင်လေးကိုတခြားသူတွေပါဖတ်ရအောင် SHARE  ပေးလိုက်ပါဦး။