စိတ်သဘောထားဖြူစင် ရိုးသားတဲ့မိန်းကလေးတွေဆိုတာ…

blank

၁။ အဆိုးတွေဘယ်လောက်ကြုံရကြုံရ အကောင်းမြင်စိတ်ထားတတ်တယ်။

၂။ ချစ်ခင်ရသူတွေကို နွေးထွေးကြင်နာစွာ ဆက်ဆံတတ်တယ်။

၃။ သူတစ်ပါးတွေကို စိတ်ရင်းအမှန်နဲ့ ကူညီပေးတတ်တယ်။

၎။ သူတစ်ပါးတွေရဲ့ အမှားတွေကို မတောင်းပန်ခင်ကတည်းက ခွင့်လွှတ်ပြီးဖြစ်နေတတ်တယ်။

၅။ အများနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့အခါ မိမိရဲ့ အတ္တကို ဘေးဖယ်ထားတတ်တယ်။

၆။ သူတစ်ပါးတွေရဲ့ မရယ်ရတဲ့ ဟာသတွေကိုတောင် ရယ်ပေးတတ်တယ်။

၇။ စိတ်သောကရောက်နေတဲ့သူတွေကို အားပေးနှစ်သိမ့်ပေးတတ်တယ်။

၈။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အခက်အခဲပြဿနာတွေကို ကိုယ့်ရဲ့ ပြဿနာလို့သဘောထားပြီး ကူညီဖြေရှင်းပေးတတ်တယ်။

၉။ ခင်မင်ရသူတွေရဲ့ အောင်မြင်မှုတွေအတွက် နှစ်ထောင်းအားရဖြစ်ပေးတတ်တယ်။

၁ဝ။ ဘေးနားကလူတွေကို ပျော်ရွှင်အောင် ဖန်တီးလှုံ့ဆော်ပေးတတ်တယ်။

၁၁။ မိမိရဲ့ ပြဿနာတွေကြောင့် အခြားသူတွေ စိတ်မညစ်ရအောင် ပြဿနာတွေကို ဖုံးကွယ်ထားတတ်တယ်။

၁၂။ မိမိရဲ့ ခံစားချက်တွေကိုလည်း အခြားလူတွေမသိအောင် တိတ်တိတ်လေးဖုံးကွယ်ထားတတ်ကြတယ်။

၁၃။ အသေးအဖွဲလေးတွေမှာ ပျော်ရွှင်မှုကို ရှာဖွေတတ်ကြတယ်။

၁၄။ မိမိကို နာကျင်စေတဲ့ သူတွေကိုတောင် ဆိုးဆိုးဝါးဝါးတုံ့ပြန်ခြင်းကို ရှောင်ကြဉ်ကြတယ်။

၁၅။ သူတို့စိတ်နာသွားပြီဆိုရင်တော့ သင်မသိလိုက်ခင်မှာပဲ သင့်အနားကနေ တိတ်တိတ်လေးထွက်သွားပါလိမ့်မယ်။

ဒါကြောင့် ခံစားလွယ်ပြီး စိတ်သဘောထားဖြူစင်တဲ့သူတွေကို စိတ်ထိခိုက်အောင် မလုပ်မိပါစေနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။