အပျိုကြီးဖြစ်နေလို့ မထင်မသေးလိုက်ပါနဲ့

blank

လူတွေကခက်တယ်။ အသက်အစိတ်ကျော်ပြီး ရည်းစားမရှိရင်၊ အိမ်ထောင်မရှိရင် အပျိုကြီး၊ လူပျိုကြီးဆိုပြီး နှိမ်ချင်ကြတယ်။ လူတွေ ဒီလိုနှိမ်ပြီး စကြနောက်ကြတာလည်း မပြောနဲ့လေ။ ဝတ္ထုတွေ၊ ရုပ်ရှင်ဇာတ်ကားတွေထဲမှာကိုက အပျိုကြီး၊ လူပျိုကြီးတွေဆိုရင် လှောင်ပြောင်စရာတွေ၊ အားကိုးမဲ့သူတွေ၊ ရည်းစားအသည်းအသန်လိုချင်သူတွေအဖြစ် ပုံဖော်ထားကြတာကိုး။

ဒါတွေထားပါ။ တကယ်တော့ တစ်ကိုယ်တည်းရပ်တည်နိုင်ပြီး အပျိုကြီး၊ လူပျိုကြီးဖြစ်နေတဲ့သူတွေကို လုံးဝမလှောင်ပြောင်သင့်သလို ဖိအားလည်း မပေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အောက်ပါ အကြောင်းရင်းကြီး (၃) ရပ်ကြောင့်ပါ။

၁။ တစ်ကိုယ်တည်းသမားတွေမှာ သူများတွေထက်ခိုင်မာတဲ့ အပေါင်းအသင်းနယ်ပယ်ရှိပါတယ်။

တစ်ကိုယ်တည်းသမားတွေနဲ့ အိမ်ထောင်သည်တွေကို ယှဉ်တွဲလေ့လာကြည့်တဲ့အခါမှာ အပျိုကြီး၊ လူပျိုကြီးတွေက ပိုပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတာကို တွေ့ရပါတယ်။ ပြီးတော့ ပူလောင်ရတဲ့ ၁၅ဝဝ အချစ်တွေ မရှိဘဲ အေးမြတဲ့ ၅၂၈ မေတ္တာတွေကို ပိုင်ဆိုင်ထားရတော့ ပိုပြီး ပျော်ရွှင်ချမ်းမြေ့ရတာပေါ့။

၂။ အိမ်ထောင်မပြုသေးဘူးဆိုတာ ထိုက်တန်တဲ့သူနဲ့ မတွေ့သေးလို့ပါ။

တစ်ကိုယ်တည်းသမားတွေက မသာယာတဲ့ အိမ်ထောင်ရေးမှာ နေနေရတာထက် တစ်ကိုယ်တည်းနေရတာ ပိုကောင်းတယ်လို့ မှတ်ယူထားကြတယ်လေ။ သူများတွေက တစ်ယောက်တည်းဖြစ်မှာ ကြောက်ပြီး သင့်တော်မှန်းမသင့်တော်မှန်း မစဉ်းစားဘဲ အိမ်ထောင်ပြုနေတဲ့အချိန် အပျိုကြီးတွေက တစ်ယောက်တည်းဖြစ်ရမှာ မကြောက်လို့ ကိုယ်နဲ့မထိုက်တန်တဲ့သူကို လက်တွဲဖော်အဖြစ် မရွေးတာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ရည်မှန်းချက်ပန်းတိုင်ဆီရောက်ဖို့ အာရုံထားနေလို့ အိမ်ထောင်ရေးကို မတွေးကြတာဖြစ်ပါတယ်။

တစ်ကိုယ်တည်းသမားအများစုက ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ဦးစားပေးရကောင်းမှန်းလည်း သိကြတယ်လေ။ ဒီတော့ သူများအတွက်အချိန်ပေးမယ့်အစား ကိုယ့်ကိုယ်ကိုအတွက်ပဲ အချိန်ပေးကြတာပေါ့။ တန်ဖိုးရှိတဲ့အချိန်နဲ့ စွမ်းအင်တွေကိုလည်း အကျိုးရှိစွာပဲ အသုံးချကြတယ်။ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ မင်္ဂလာခန်းမထဲမှာ အဆုံးသတ်သွားဖို့လည်း ဆန္ဒမရှိကြဘူးလေ။

သင်က single တစ်ယောက်ဆိုဒီစာစောင်လေးကို ဂုဏ်ယူစွာ SHARE လိုက်ပါဦးနော်။