ဘာကြောင့် တစ်ရက်မှာ ၂၄ နာရီရှိနေတာလဲ။

blank

တစ်ရက်မှာ ဘာကြောင့် ၂၄ နာရီရှိနေရတာလဲလို့ တွေးမိဖူးလား။

အဲ့ဒီလို ၂၄ နာရီရှိဖို့ စတင်သတ်မှတ်ခဲ့ကြတာက ရှေးခေတ်အီဂျစ်တွေပါ။ သူတို့တွေဟာ တစ် ရက်မှာ နေ့ဘက်အတွက် ၁ဝ နာရီ၊ ညဘက်အတွက် ၁၂ နာရီနဲ့ နေဝင်ချိန် ၁နာရီ၊ နေထွက်ချိန် ၁ နာ ရီ စုစုပေါင်း ၂၄ နာရီသတ်မှတ်ခဲ့ကြပါတယ်။

ညဘက် ၁၂ နာရီအချိန်ကိုတော့ ဒီကန်(decan) လို့ခေါ်တဲ့ ကြယ်လေးတွေရဲ့ ရွေ့လျားမှုကို ကြည့်ပြီး ဆုံးဖြတ်ကြတာပါ။  အီဂျစ်ပြက္ခဒိန်မှာ တစ်နှစ်ကို ရက်သတ္တပတ်ပေါင်း ၃၆ဝ ရှိသလို ဒီကန် ကြယ်လေးတွေကလည်း စုစုပေါင်း ၃၆ ခုရှိတာကြောင့် တစ်ပတ်ကို ကြယ်တစ်ခုစီ ကိုယ်စားပြုပါ တယ်။ နွေရာသီမှာဆိုရင် ဒီကန်ကြယ်လေး ၁၂ ခုဟာ တူညီတဲ့ကြားကာလနဲ့ ကောင်းကင်ကို ဖြတ်ပါ တယ်။ ကြယ်တစ်ပွင့်အသစ်ထွက်လာတိုင်း နောက်ထပ်နာရီသစ်ကို ကူးပြောင်းတဲ့အဓိပ္ပာယ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နွေနေ့ရက်တွေဟာ ဆောင်းနေ့ရက်တွေထက် ပိုရှည်လျားပါတယ်။ တစ်နှစ်တာရဲ့နေ့ရက် အ တိုအရှည်ကွဲပြားမှုတွေအလိုက် နာရီတွေလည်း အတိုအရှည်မတူညီကြပါဘူး။  B.C ၁၅ဝဝ ရောက် တော့ သဲနာရီပေါ်လာတဲ့အတွက် အချိန်ကို တစ်နာရီနဲ့ တစ်နာရီ တိတိကျကျသတ်မှတ်လာနိုင်ပါတယ်။ နေ့ဘက် ၁၂ နာရီနဲ့ ညဘက် ၁၂ နာရီဆိုပြီး ပိုင်းခြားသတ်မှတ် ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ ဂရိနက္ခတ်ဗေဒပညာရှင် ဟစ်ပါးကပ်စ်(Hipparchus) က အီကွေတာလမ်းကြောင်းကို ကြည့်ပြီးတော့ နေ့နဲ့ညကို ၁၂ နာရီစီအညီအမျှတိတိကျကျ သတ်မှတ်နိုင်ခဲ့ရာက ယနေ့ကမ္ဘာမှာ အသုံးပြုနေကြတဲ့ တစ်ရက် ၂၄ နာရီဖြစ်ပေါ်လာတာဖြစ်ပါတယ်။

သိမှတ်ဖွယ်ရာဗဟုသုတလေးတွေ မျှဝေဖို့ စာစောင်လေးကို LIKE & SHARE လိုက်ပါဦးနော်။