အချစ်ဆိုတာ သံယောဇဉ်တွေထက် အားသာသတဲ့လား။

blank

ကျွန်မက အသက် (၄ဝ) နားနီးနေပြီဖြစ်တဲ့ အိမ်ရှင်မတစ်ယောက်ပါ။ ကျွန်မနဲ့ ကျွန်မခင်ပွန်းက လက်ထပ်ထားတာ ဆယ့်ရှစ်နှစ်ကျော်ရှိပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စုံမက်လို့ လက်ထပ်ခဲ့တာပါ။ နှစ်ဖက်မိဘတွေကလည်း ရင်းနှီးတာကြောင့် အချစ်ခရီးအစကတည်းက ဖြောင့်ဖြူးခဲ့ပါတယ်။ ချစ်သူသက်တမ်း (၃) နှစ်မှာ လက်ထပ်ခဲ့တာ အခုဆိုရင် သားကြီးတောင် ဆယ်တန်းရောက်ပါပြီ။  သားသမီးသုံးယောက်လုံးကလည်း မိဘအပေါ်သိတတ်ပြီး လိမ္မာကြပါတယ်။ ခင်ပွန်းကလည်း အသောက်အစားကင်းတော့ ကျွန်မတို့မိသားစုလေးဟာ အများက အားကျစရာ စံပြမိသားစုလေးပေါ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲဒီလို ပျော်ရွှင်နေတဲ့ မိသားစုကမ္ဘာလေးကို ဖျက်ဆီးဖို့ လူတစ်ယောက် ကျွန်မတို့ဘဝထဲကို ရောက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ကျွန်မခင်ပွန်းနဲ့ ကျွန်မအကြားမှာ တတိယလူတစ်ယောက်ပေါ်လာတာပါပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မခင်ပွန်းသည်ကိုယ်တိုင်က သူ့မှာ ချစ်ရတဲ့ကောင်မလေးတစ်ယောက်ရှိလာပြီဆိုတဲ့အကြောင်း ဖွင့်ပြောပါတယ်။ သူက အဲ့ဒီကောင်မလေးနဲ့တွေ့မှ အချစ်စစ်ဆိုတာကို ခံစားနားလည်လာတာလို့လည်း ပြောပါတယ်။ သူ့ရဲ့အချစ်စစ်နဲ့ပဲ လက်တွဲချင်တော့တယ်တဲ့။

ကျွန်မလေ သူ့ကိုဘယ်လိုနားလည်ရမလဲ မသိတော့ဘူး။ အနှစ်နှစ်ဆယ်ကျော်ကြာ ကျွန်မယုံကြည်လာခဲ့တဲ့အရာက အချစ်စစ်မဟုတ်ဘူးလား။ အချစ်စစ်ဆိုတဲ့အရာကကော အနှစ်နှစ်ဆယ်ကျော်သံယောဇဉ်တွေကို ယိမ်းယိုင်ပြိုလဲစေသတဲ့လား။ ကျွန်မဘယ်လိုအင်အားမျိုးနဲ့ ဘဝကို ရင်ဆိုင်ရမလဲ။

ကျွန်မဘာလုပ်ရမလဲဟင်….