မေတ္တာအကြင်နာဆိုတာ လောကကို နွေးထွေးစေတဲ့အရာ

blank

အရိုးကွဲမတတ် ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့နံနက်ခင်းတစ်ခုမှာ ကလေးတစ်ယောက် ဟာ ခြေဗလာနဲ့ ဖိနပ်ရောင်းတဲ့စတိုးဆိုင်အပြင်ဘက်မှာ ရပ်နေခဲ့ပါတယ်။ ကလေးဟာ နှင်းတွေစိုနေ တဲ့ ပြတင်းပေါက်မှန်ကနေတစ်ဆင့် စတိုးဆိုင်ထဲက ဖိနပ်တွေကို ငေးကြည့်နေရှာတယ်။

အဲ့ဒီအချိန်မှာ ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ဟာ ဖိနပ်ဆိုင်ထဲကနေ အပြင်ကို ထွက်လာပါတယ်။ ကလေးကိုမြင်တော့ ခြေလှမ်းတုံ့သွားပြီး “ ဒီလောက်ချမ်းနေတဲ့အချိန်မှာ စောစောစီးစီး ဘာရပ်လုပ်နေတာလဲ ကလေး” လို့ မေးလိုက်တယ်။

ကလေးက “ သားမှာ ဖိနပ်တစ်ရံမှမရှိဘူး အန်တီ။ ဒါကြောင့် ဘုရားဆီမှာ ဖိနပ်တစ်ရံ လောက်ရဖို့ ဆုတောင်းနေတာပါ” လို့ ပြန်ဖြေတယ်။

ကလေးအဖြေကိုကြားတော့ အမျိုးသမီးဟာ ကလေးကို ချက်ချင်းပဲ ဖိနပ်ဆိုင်ထဲ ခေါ်သွားတယ်။ ပြီးတော့ ဝန်ထမ်းကို တဘက်တစ်ထည်နဲ့ ရေတစ်ခွက်ရနိုင်မလားလို့ တောင်းဆိုလိုက်တယ်။ ဝန်ထမ်းက အဲ့ဒါတွေကို မိနစ်ပိုင်းအတွင်းမှာပဲ စီစဉ်ပေးတယ်။ အမျိုးသမီးဟာ ကလေးကို စတိုးဆိုင်အနောက်ဘက်ထဲ ခေါ်သွားတော့တယ်။ ပြီးတော့ သူမရဲ့လက်အိတ်တွေကို ချွတ်ပြီး ကလေးရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်။ ကလေးရဲ့ လက်နဲ့ ခြေထောက်တွေကို သေချာသန့်ရှင်းပြီး ခြောက်သွေ့အောင် လုပ်ပေးတယ်။ ပြီးတာနဲ့ ကလေးကို စတိုးဆိုင်ထဲ ပြန်ခေါ် သွားတယ်။ ပြီးတော့ ဝန်ထမ်းကို ခြေအိတ်တွေနဲ့ ဖိနပ်တွေ ယူလာပေးဖို့ ပြောလိုက်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဝန်ထမ်းယူလာပေးတဲ့ ခြေအိတ်တွေနဲ့ ဖိနပ်တွေကို ယူပြီးတော့ အမျိုးသမီးက ကောင်လေးကို ခြေအိတ်သေချာစွပ်ပေးတယ်။ ဖိနပ်လည်းဝတ်ပေးတယ်။ ပြီးတော့ ခြေအိတ်တွေလည်း ထပ်ဝယ်ပေးလိုက်သေးတယ်။ ပြီးတာနဲ့ ကလေးရဲ့ခေါင်းလေးကို ဖွဖွပွတ်သပ်ပေးရင်း အပြုံးတစ်ပွင့်နဲ့ “ ကဲ… ကလေးရေ အခု နေရထိုင်ရတာပိုပြီး နွေးနွေးထွေးထွေးရှိသွားပြီမလား” လို့ ကြင်ကြင်နာနာ ပြောလိုက်တယ်။

ကလေးက အမျိုးသမီးလက်ကိုဆွဲပြီး မော့ကြည့်တယ်။ ကလေးရဲ့မျက်လုံးထဲမှာ မျက်ရည်စတွေနဲ့ ပြည့်နေပါတယ်။ ကလေးက အမျိုးသမီးကို တိုးတိုးလေးမေးတယ်။

“ အန်တီက ဘုရားသခင်က လွှတ်လိုက်တဲ့သူလားဟင်” တဲ့။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်လိုက်ပါဦးနော်။