၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဧပြီ ၁၆-ရက်နေ့မှ ၂၂ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

       လူမှုရေးကိစ္စတွေ၊ အပျော်အပါးကိစ္စတွေနဲ့ ငွေကုန်ကြေးကျများနေမယ့် ကာလဖြစ်ပါတယ်။ အိမ်ကိုလည်း ဧည့်သည်တွေ အဝင်အထွက်များနေမယ်။ စီးပွားရေးကိစ္စလေးတွေ စောင့်ဆိုင်းနေရ မယ်။ အိမ်ထောင်သည်ဖြစ်ပါက ခရီးယာယီထွက်ရမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။        ။ အိမ်နီးချင်းကလေးတွေကို အအေးတိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတစ်ယောက်နဲ့ အထင်လွဲစရာတစ်ခုကြောင့် စိတ်ဝမ်းကွဲရ တတ်တယ်။ ပြဿနာတွေကို စိတ်လိုက်မာန်ပါမတုံ့ပြန်ပါနဲ့။ ရှိရင်းစွဲထက်  ပိုကြီးထွားတတ်ပါတယ်။ သင်လုပ်စရာရှိတာကိုသာ မှန်မှန်လုပ်သွားပါ။ မေတ္တာနဲ့သာ တုံ့ပြန်ပါ။ အချိန်တန်ရင် သင့်စေတနာကို နားလည်သွားမှာပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ဘယာကြော်ဆွမ်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အလုပ်နဲ့ပတ်သက်ပြီး အကျိုးအမြတ်ကောင်းတွေရရှိမယ့် ကာလဖြစ်ပါတယ်။ ကြိုးစားနိုင်သ လောက် အရာထင်အောင်မြင်မယ်။ ရင်းနှီးသူတွေနဲ့ပတ်သက်ပြီး ငွေကြေးကိစ္စအချင်းများရတတ်တဲ့ အတွက် သတိပြုပါ။ အိမ်ထောင်သည်များ နေအိမ်သစ်ပြုပြင်ရမယ်။ အချစ်ရေးမှာ အဝေးရောက်နေ သူနဲ့ ချစ်ကြိုက်ရတတ်တယ်။

ယကြာ။         ။ မွေးရက်မှာ ငွေ ၅ ထောင်ပံ့သကူပစ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလုပ်မှာ ပြဿနာတချို့၊ အခက်အခဲတချို့ရှိပေမဲ့ အကြံဉာဏ်ကောင်းပေးမယ့် ဆရာသမား၊ မိတ်ဆွေတွေနဲ့တွေ့မယ်။ အနုပညာလုပ်ငန်းလုပ်ကိုင်သူများ အထူးအကျိုးပေးမယ်။ နိုင်ငံရပ်ခြားခရီး ထွက်ရမယ်။ အခွင့်အလမ်းကောင်းတွေပေါ်မယ်။ အချစ်ရေးမှာ နာမည်စာလုံးရှည်တဲ့သူနဲ့ ချစ်ကြိုး သွယ်ရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

လုပ်ကိုင်ဖို့ ကြံစည်စိတ်ကူးထားတာတွေရှိရင် စတင်သင့်တဲ့ ကာလဖြစ်ပါတယ်။ အခွင့်အ ရေးကောင်းတွေ၊ ကူညီစောင့်ရှောက်မယ့်သူတွေက သင့်ကို စောင့်ကြိုနေကြပါတယ်။ ကျန်းမာရေး အနေနဲ့ အတန်ငယ်အညံ့ရှိတယ်။ အစားအသောက်ဆင်ခြင်သတိပြုပါ။ အချစ်ရေးမှာ မိသားစုနဲ့ အ ဆင်ပြေမယ့်သူနဲ့တွေ့မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေညွှန့်လှူပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

နာမည်ဂုဏ်သတင်းတွေမွှေးပျံ့မယ့် ကာလဖြစ်ပါတယ်။ ပညာရေးဘက် လေ့လာလိုက်စားနေ သူများ အထူးအောင်မြင်မယ်။ နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွားရမယ်။ လူမျိုးခြား အကျိုးပေး မယ်။ မိသားစုအကြီးအကဲ ကျန်းမာရေးဂရုစိုက်ပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ငှက်လွှတ်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

သူတစ်ပါးပြဿနာတွေထဲ ကြားညှပ်တတ်တယ်။ ချစ်သူတွေကြား၊ လင်မယားကြား ပြဿနာ တွေမှာ ဝင်မပါပါနဲ့။ စီးပွားရေးအနေနဲ့ လုပ်ငန်းအပြောင်းအရွှေ့ရှိမယ်။ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်တာကြောင့် လက်လွှတ်မခံပါနဲ့။ အချစ်ရေးသာယာပါတယ်။

ယတြာ။         ။ ငါးသက်စေ့လွှတ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ဘဝအပြောင်းအလဲ၊ အလုပ်အကိုင်အပြောင်းအလဲတွေနဲ့ ပြည့်နှက်နေမယ့် ကာလဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့ အောင်မြင်မှုတွေလည်း ရရှိနိုင်တာကြောင့် အရင်ကထက် နှစ်ဆပိုကြိုးစားဖို့ မမေ့ပါ နဲ့။ စနေနံနဲ့စတဲ့လုပ်ငန်းလုပ်သူများ အထူးအကျိုးပေးမယ်။ အချစ်ရေးမှာ ချစ်သူနဲ့နားလည်မှုလွဲနေ တတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုခုလုပ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

နှောင့်နှေးကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ ပြန်ရမယ်။ တစ်ချိန်က သင်ကူညီခဲ့ဖူးသူတွေရဲ့ ကျေးဇူးပြန်ဆပ်တာကို ခံစားရမယ်။ ဝန်ထမ်းဖြစ်ပါက အခြေအနေအပြောင်းအလဲမရှိသေးပါ။ အစား အသောက်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ထူးထူးခြားခြားအကျိုးပေးမယ်။ အချစ်ရေးမှာ နားလည်မှုရှိ သူနဲ့ ဆုံရမယ်။

ယတြာ။         ။ မွေးရက်မှာ အင်္ကျီအဖြူဝတ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးလုပ်တတ်သူတချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရမယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းပါနဲ့။ အငြင်းပွားစရာတွေမဖြစ်အောင် ရှောင်ကြဉ်ပါ။ ငွေကြေး အစုအပုံလိုက် ဝင် ကိန်းရှိပါတယ်။ ထီထိုးပါ။ အချစ်ရေး အထူးကောင်းမွန်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို ထမင်းနဲ့ဟင်းနယ်ကျွေးပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ခရီးယာယီတွေများနေမယ်။ အလုပ်ကိစ္စနဲ့ပတ်သက်တာကြောင့် စိတ်မောလူမောဖြစ်နေရမယ့် ကာလပါ။ ရေလမ်းခရီးကို ရှောင်ပါ။ စုပေါင်းစပ်ပေါင်းလုပ်ငန်းတွေမှာ ငွေအများကြီးရင်းနှီးမျြုပ်နှံတာမျိုး မလုပ်သေးဘဲ အချိန်ယူပါ။ တနင်္လာနံနဲ့စတဲ့ စီးပွားရေးအလုပ်တွေ အကျိုးပေးမယ်။ အချစ်ရေးမှာ တိတ်တခိုးမျှော်လင့်နေသူဆီက တုံ့ပြန်မှုကောင်းကို ရရှိတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ပဌာန်းရွတ်ဖတ်ပူဇော်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

စောင့်ဆိုင်းနေရတဲ့ စီးပွားရေးကိစ္စတွေ ပြန်လည်အဆင်ပြေလာမယ့် ကာလဖြစ်ပါတယ်။ မိဘ၊ ဆရာသမားတွေရဲ့ ကူညီစောင့်ရှောက်မှုကို ခံစားရမယ်။ အဘိုးအဘွားတွေရဲ့ အမွေအနှစ်တွေ ရရှိ တတ်တယ်။ မွေးချင်းမောင်နှမ အကျိုးပေးမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။  

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လေးလုပ်လိုက်ပါ။