ယောက်ျားလေးဆိုတာ…

blank

ယောက်ျားလေးဆိုတာ…

ငယ်ငယ်လေးကတည်းက “ယောက်ျားမဟုတ်ဘူးလား” ဆိုတဲ့ စကားနဲ့ အရာရာကို စွန့်လွှတ်ခဲ့ရသူပါ။

ငယ်ငယ်တုန်းက ညီမလေးအတွက် ကိုယ်စားချင်တဲ့ချောကလက်လေးတွေကို စွန့်လွှတ်ခဲ့တယ်။

မိဘတွေရဲ့ မျှော်လင့်ချက်တွေအတွက် အိပ်မက်အချို့ကို စွန့်လွှတ်ခဲ့တယ်။

ချစ်သူမိန်းကလေးရဲ့ မျက်နှာပေါ်မှာ အပြုံးတွေဝေဆာစေဖို့အတွက်  စုဆောင်းထားတဲ့ ငွေလေးတွေကို စွန့်လွှတ်ခဲ့တယ်။

ဇနီးနဲ့ ကလေးတွေအတွက် အလုပ်ကြိုးစားပြီး ပျော်ပါးချိန်တွေ၊ အိပ်ချိန်တွေကို စွန့်လွှတ်ခဲ့တယ်။

မိသားစုရဲ့ နေထိုင်စားသောက်စရိတ်အတွက် ကိုယ်ပိုင်လိုအပ်ချက်တွေကို စွန့်လွှတ်ခဲ့တယ်။

မိခင်ဖြစ်သူရဲ့ ဆူပူကြိမ်းမောင်းသံတွေ၊ ဇနီးသည်ရဲ့ ဗျစ်တောက်ဗျစ်တောက် သံတွေ၊ အလုပ်ရှင်ရဲ့ အပြစ်တင်သံတွေကို အပြုံးမပျက်နားထောင်ခဲ့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယောက်ျားလေးဆိုတာ…….

အခြားလူတွေရဲ့ ပျော်ရွှင်မှုတွေကိုဖြည့်ဆည်းပေးရင်း ဘဝရဲ့အချိန်တော်တော်များများကို ကုန်ဆုံးတတ်ပေမယ့် ….

  • အပြင်ကိုထွက်လည်မိရင် အလေလိုက်သူလို့ အပြောခံရတယ်။
  • အိမ်မှာနေရင် အပျင်းကြီးသူလို့ စွပ်စွဲခံရတယ်။
  • ကလေးတွေကို ဆူမိရင် လူဆိုးတစ်ယောက်လို သတ်မှတ်ခံရတယ်။
  • ကလေးတွေကို မဆုံးမဘဲနေရင် တာဝန်ယူလိုစိတ်မရှိသူလို့ သံသယဖြစ်ခြင်းခံရတယ်။
  • ဇနီးကို အလုပ်လုပ်ဖို့ ခွင့်မပြုရင် သဘောထားသေးသိမ်တယ်လို့ အပြောခံရတယ်။
  • ဇနီးသည်ကို အလုပ်လုပ်ခွင့်ပေးရင် မိန်းမလုပ်စာထိုင်စားတဲ့သူလို့ အထင်ခံရတယ်။
  • အမေ့စကားနားထောင်ရင် အမေချစ်သားလို့ သတ်မှတ်ခံရတယ်။
  • မိန်းမပြောတာ ထောက်ခံမိရင် မယားကြောက်လို့ အခေါ်ခံရတယ်။

ဒါကြောင့် ယောက်ျားလေးဆိုတာနဲ့ မကောင်းဘူးလို့ မြင်တတ်တဲ့ တစ်ဖက်သတ် အမြင်လေးကို ပြောင်းလဲလိုက်ပါ။ ယောကျာ်းလေးတွေမှာလည်း သင်မသိနိုင်တဲ့ စွန့်လွှတ်မှုတွေလေးတွေ လုပ်နေရတာတွေ ရှိပါတယ်။

သင့်ရဲ့ဖခင်အဖြစ်…

အစ်ကိုအဖြစ်…

သူငယ်ချင်းအဖြစ်…

ချစ်သူအဖြစ်…

ခင်ပွန်းအဖြစ်…

သားအဖြစ်… ရှိနေတဲ့ ယောကျာ်းသားတွေကို နားလည်ပါ။

တန်ဖိုးထားပါ။