သင်လွတ်မြောက်ချင်လား… သင့်ဘဝထဲကလူတချို့ကို ထွက်သွားခွင့်ပြုလိုက်ပါ

blank

၁။ “လက်လျှော့အရှုံးပေးခြင်း” နဲ့ “ကျောခိုင်းစွန့်လွှတ်ခြင်း” ကြားမှာ အရေးကြီးတဲ့ကွာခြားမှုတွေ ရှိနေတယ်။

၂။ သင်ငိုနေလား။ မျက်ရည်စီးကြောင်းပေါ်မှာ တံတားထိုးပြီး ရှေ့ဆက်လျှောက်လိုက်ပါ။

၃။ သင့်ကို နာကျင်ခံစားစေတဲ့သူကို မေ့လိုက်ပါ။ ဒါပေမဲ့ သူပေးသွားတဲ့ သင်ခန်းစာကိုတော့ မမေ့ပါနဲ့။

၎။ ဖြစ်နေတဲ့ အခြေအနေတွေကို ကျောခိုင်းလိုက်ရင် ဖြစ်သင့်တဲ့အခြေအနေတစ်ခု ဖြစ်လာလိမ့်မယ်။ ပိုင်ဆိုင်ထားတဲ့ အရာတွေကို စွန့်လွှတ်လိုက်ရင် လိုအပ်တာတွေကို ရလာလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ပိုကာဆော့တဲ့အချိန်မှာ အလိုအပ်ဆုံးပညာက “ပစ်သင့်တဲ့ဖဲကို ပစ်သင့်တဲ့အချိန်မှာ ပစ်တတ်ခြင်း” ပါပဲ။

၆။ လူတစ်ယောက်ကို ခွင့်လွှတ်ပြီး သွားခွင့်ပေးလိုက်ခြင်းဟာ ကိုယ့်ကိုယ်ကို လွတ်လပ်မှုပေးလိုက်တာနဲ့ အတူတူပါပဲ။

၇။ သင်ချစ်ရတဲ့သူတွေကို ချစ်နိုင်တယ်၊ ခွင့်လွှတ်နိုင်တယ်၊ သူတို့အတွက် အကောင်းဆုံးတွေ လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ သူတို့မပါဘဲ ရှေ့ဆက်နိုင်အောင်တော့ ပြင်ဆင်ထားပါ။

၈။ လူတစ်ယောက်ကို စွန့်လွှတ်လိုက်တယ်ဆိုတာ အဲဒီလူကို သင့်ဘဝသမိုင်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်လိုက်ခြင်းပါ။ မစွန့်လွှတ်ဘဲ ဆက်လက်ဖက်တွယ်ဆိုတာကတော့ သူ့ကို သင့်ဘဝကံတရားရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်လိုက်တာပါပဲ။

၉။ လူတစ်ယောက်ကို ကျောခိုင်းလိုက်ရတဲ့အချိန်မှာ သင့်အနေနဲ့ အတိတ်ကအရာတွေကို ဆုံးရှုံးရလိမ့်မယ်။ ဒါပေမဲ့ သင့်ဘဝရဲ့ဦးတည်ချက်ကိုတော့ ပြန်ရှာတွေ့ပါလိမ့်မယ်။

သင့်ထင်မြင်ချက်လေးတွေကို comment box မှာ ရေးပေးခဲ့ပါဦး။