ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ၆ နှစ်သားကလေး

blank

တစ်နှစ်ကို ဒေါ်လာ ၁၁ မီလျံဝင်ငွေရှိတဲ့ ရိုင်ယန်လေးဟာ Home Alone တို့လိုဇာတ်ကား လေးတွေနဲ့ နာမည်ကျော်ပြီး ချမ်းသာကြွယ်ဝလာတဲ့ ကလေးမဟုတ်ဘဲ ကမ္ဘာ့အသက်အငယ်ဆုံး ယူကျု့(YouTube) အသုံးပြုသူလေးသာ ဖြစ်ပါတယ်။ ရိုင်ယန်အသက်သုံးနှစ်သားကတည်းက ယူကျု ကို စတင်အသုံးပြုခဲ့ပြီး သူ့ရဲ့ YouTube Channel ဖြစ်တဲ့ “ Ryan ToysReview” ကနေ အရုပ်လေး တွေနဲ့ ပတ်သက်တဲ့အကြောင်းအရာမျိုးစုံသော review လေးတွေတင်ပါတယ်။ သူ့ဗွီဒီယိုလေးတွေဟာ အရုပ်အမျိုးမျိုးအကြောင်းကို အခြေခံပြီး တင်ဆက်လေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းလုံးက Subscribe လုပ် ထားသူပေါင်း ၁ဝ မီလျံကျော်ရှိပါတယ်။ Forbes ကကောက်ယူထားတဲ့စာရင်းအရ ယူကျုအသုံးပြုတဲ့ ကမ္ဘာ့မီလျံနာစာ ရင်းမှာ ရိုင်ယန်က နံပါတ် ၈ ချိတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မတို့ကော အသက် ၆ နှစ်အရွယ်မှာ ဘာတွေလုပ်နေခဲ့ပါလိမ့်နော်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦး။