ကျန်းမာပျော်ရွှင် လာဘ်ရွှင်စေဖို့

blank

၁။ မနက်ခင်းတိုင်းမှာ နေရောင်ခြည်နဲ့ လေနုအေးတွေဝင်လာစေဖို့အတွက် ပြတင်းပေါက်တွေ တံခါးတွေကို ဖွင့်ပေးပါ။ နေရောင်ခြည်ဟာ နေအိမ်ထဲက အမှောင့်ပယောဂတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

၂။ နေအိမ်တံခါးတွေကို အမြဲပိတ်ထားတာဟာ နေထိုင်တဲ့သူတွေရဲ့ စိတ်ကို အုံ့မှိုင်းစေတဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

၃။ အိမ်ကို မကြာခဏသန့်ရှင်းရေးလုပ်ပေးပါ။ မလိုအပ်တဲ့ပစ္စည်းတွေကို သံယောဇဉ်ဖြတ်ပြီး လွှင့်ပစ်လိုက်ပါ။ ပစ္စည်းတွေစုပြုံနေတာဟာ မကောင်းတဲ့အငွေ့အသက်တွေအပြင် ကြွက်တွေကိုလည်း ခိုအောင်းနေစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ အိမ်ထဲမှာရှိနေတဲ့အခါ  ခြေဗလာ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဓာတ်တွေကို မြေကြီးထဲ စိမ့်ဝင်သွားစေပါတယ်။

၅။  ပြင်ပကပါလာတဲ့ ရောဂါပိုးမွှားတွေနဲ့ အညစ်အကြေး အိမ်ထဲပါမလာစေဖို့အတွက် အိမ်ရောက်တဲ့အခါတိုင်း ဖိနပ်တွေကို  အပြင်ဖက်မှာ ချွတ်ထားခဲ့ပါ။

၆။ မနက်စောစော အိမ်ပြင်ထွက်ပြီး လေကောင်းလေသန့် ရှူရှိုက်ပါ။

၇။ နေအိမ်ပတ်ဝန်းကျင်မှာ သစ်ပင်လေးတွေစိုက်ပျိုးပေးခြင်းဟာ ပတ်ဝန်းကျင်ကို ကောင်းမွန်တဲ့ စွမ်းအင်သတ္တိတွေပြည့်ဝစေပြီး စိတ်ကိုလန်းဆန်းစေပါတယ်။

၈။ ကောင်းမွန်တဲ့အတွေးတွေ တွေးပါ။ ကောင်းမွန်တဲ့စကားတွေဆိုပါ။ အကောင်းမြင်တဲ့ အတွေးတွေနဲ့ စကားတွေဟာ ကံကောင်းခြင်းတွေကို သယ်ဆောင်လာစေပါတယ်။

နှစ်သက်တယ်ဆိုရင် like လုပ်လိုက်ပါ။ ပိုပြီးနှစ်သက်တယ်ဆိုရင် love reaction လေးပေးပါ။ အဲဒီထက်ပိုပြီး နှစ်သက်တယ်ဆိုရင်တော့ SHARE ပေးလိုက်ပါ။