လူတိုင်း ခွေးမွေးသင့်တဲ့ အကြောင်းရင်းများ

blank

၁။ ခွေးလေးတွေနဲ့ ကစားခြင်းက မယုံနိုင်စရာကောင်းလောက်အောင် စိတ်ကို လန်းဆန်းတက်ကြွစေတယ်။

၂။ ခွေးချစ်သူတွေက သာမန်လူတွေထက် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေ ပိုနည်းပါတယ်။

၃။ ခွေးလေးတွေက ကလေးတွေကို အရေပြားရောဂါနဲ့ ဓာတ်မတည့်မှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၎။ ခွေးလေးတွေနဲ့ လမ်းလျှောက်ထွက်ခြင်း၊ ပြေးလွှားဆော့ကစားခြင်းက ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနေသလိုဖြစ်တာကြောင့် ကျန်းမာကြံ့ခိုင်စေပါတယ်။

၅။ ယုံချင်ယုံ၊ မယုံချင်နေ… ခွေးချစ်တတ်သူတွေက နေမကောင်းဖြစ်ရင် ခဏလေးနဲ့ ပျောက်လွယ်တတ်ကြပါတယ်။

၆။ ခွေးတွေက အရမ်းလိမ္မာပြီး အမြဲတမ်းနိုးကြား၊ သတိရှိနေတဲ့ တိရစ္ဆာန်လေးတွေဖြစ်ပါတယ်။

၇။ လေ့လာတွေ့ရှိချက်တွေအရ အိမ်မှာခွေးမွေးထားတဲ့ ကလေးတွေဟာ ကျောင်းကို အချိန်မီရောက်ကြပါတယ်။

၈။ ခွေးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ကလေးတွေဟာ အခြားကလေးတွေထက် ကိုယ့်ကိုယ်ကို တန်ဖိုးထားလေးစားမှုပိုမြင့်ကြပါတယ်။

၉။ ခွေးလေးတွေဟာ လူသားတွေအတွက်တော့ ဘယ်တော့မှ သစ္စာမဖောက်မယ့် သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁ဝ။ ခွေးလေးတွေဟာ သူတို့ရဲ့ သခင်ကိုရှာဖို့ မိုင်ပေါင်း ၂၈ဝဝကျော် သွားနိုင်ကြပါတယ်။

၁၁။ ခွေးလေးတွေဟာ သခင်နဲ့ သခင့်အိမ်ကို အစွမ်းကုန်ကာကွယ်တတ်ကြပါတယ်။

၁၂။ ခွေးချစ်သူတွေဟာ သူများတွေထက်ပိုပြီး လူမှုဆက်ဆံရေးကောင်းကြပါတယ်။

၁၃။ ခွေးလေးတွေက သခင့်ကို အပျင်းပြေစေတဲ့ သက်ရှိအရုပ်လေးတွေလည်းဖြစ်ပါတယ်။

၁၄။ တစ်ခါတလေ ခွေးလေးတွေက သခင့်ကို အသက်စွန့်ပြီး ကယ်တင်တတ်ကြပါတယ်။

၁၅။ ချစ်စရာကောင်းတဲ့ ခွေးလေးတွေ မွေးထားခြင်းက အလုပ်မှာဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးပါတယ်။

၁၆။ ခွေးလေးတွေက သင့်ဘဝကို ထူးခြားစေမယ့်တိရစ္ဆာန်လေးတွေပါ။

ဒီအချက်လေးတွေကို ဖတ်ပြီး အိမ်မွေးခွေးလေးတစ်ကောင်လောက် မွေးချင်သွားပြီမဟုတ်လား။

သင့်ခွေးက ဘာအမျိုးအစားလဲ၊ ဒါမှမဟုတ် သင်ခွေးမွေးမယ်ဆိုရင် ဘယ်လိုခွေးမျိုးမွေးချင်လဲဆိုတာ comment box မှာ ဖြေကြားပေးခဲ့ပါဦးနော်။