သင်က Single ဆိုရင် ဒါလေးတွေလုံးဝသိမှာမဟုတ်ပါဘူး။

blank

ပျော်နေကြတဲ့ချစ်သူတွေက Single လေးတွေကိုဆိုရင် သိပ်ကိုဟာသလုပ်ချင်ကြတယ်။ RS ဘဝရဲ့ ပျော်စရာတွေကို မင်းတို့မသိပါဘူးကွာလို့လည်း ပြောချင်ကြတယ်။ တကယ်တော့ သူတို့တွေပြောသလိုပဲ Single လေးတွေ ဘယ်တော့မှမသိနိုင်တဲ့ ကိစ္စလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ များသောအားဖြင့် Single လေးတွေဟာ ပြတ်တုန်းလပ်တုန်း ၂၃ မရောက်သေးခင်မှာ ငွေပြတ်လပ်တဲ့ ဒုက္ခကို မသိနိုင်ပါဘူး။

၂။ ရတဲ့ငွေတွေကို ကိုယ်ပိုင်အတွက် စိတ်ကြိုက်သုံးပြီး စားချင်ရာစားနိုင်တဲ့အတွက် ချစ်သူအတွက် လိုက်ရှင်းပေးရတဲ့ ဒုက္ခကို Single ကိုကိုတွေ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဖုန်းဆက်ပြီးချော့ရတဲ့ ကိစ္စတွေ၊ လုပ်သမျှ အစီရင်ခံရတာတွေ မရှိတဲ့အတွက် ဖုန်းဘီလ်ပြတ်လပ်မှုဆိုတာကို Single အများစု မသိနိုင်ပါဘူး။

၎။ မိမိဘဝရဲ့ အချိန်တွေကို သူငယ်ချင်းတွေအတွက် အပြည့်အဝပေးနိုင်တဲ့ Single တွေဟာ အားလပ်ချိန်တွေမှာ ဒီလိုက်ပို့ပေးရ၊ ဟိုလိုက်ပို့ပေးရတဲ့ ဒုက္ခတွေကို မသိနိုင်ပါဘူး။

၅။ အားလပ်ချိန်တွေမှာ ကိုယ်လုပ်ချင်တာတွေလုပ်နေလည်း ဖုန်းတကျီကျီဆက်ပြီး နားပူနားဆာလုပ်တဲ့ ဒုက္ခတွေကို Single တွေမသိနိုင်ပါဘူး။

ဒီကိစ္စတွေကို မသိနိုင်တဲ့ Single ဘဝကို အားငယ်စိတ်ပျက်နေမှာလား။ ဂုဏ်ယူမှာလားဆိုတာကတော့ သင့်ပေါ်မှာပဲမူတည်ပါတယ်။