လူတိုင်းမသိသေးတဲ့ ပိတောက်ရဲ့ ကျန်းမာရေးအစွမ်းသတ္တိများ

blank

ပိတောက်လေးတွေ ပွင့်နေကြပြီနော်။ ပိတောက်ပန်းကို မြင်တာနဲ့ သင်္ကြန်ကိုပဲ ပြေးမြင်မိတာလား။ အဆင်းရော အနံ့ပါပြည့်စုံတဲ့ ပိတောက်ပန်းလေးတွေဟာ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ ပိတောက်ပန်းနံ့ရှူရင် ရင်တုန်မူးဝေခြင်းကင်းစေပြီး နှလုံးအားကောင်းစေပါတယ်။

ကျန်းမာရေးကောင်းကျိုးများလွန်းတဲ့ ပိတောက်ပင်ရဲ့ အခေါက်၊ အမြစ်တွေကို သွေးပြီး ဆေးဝါးအဖြစ် သောက်သုံးမှီဝဲနိုင်ပါတယ်။ ပိတောက်ပွင့်လေးတွေကိုလည်း သန့်သန့်အခြောက်လှန်းပြီး လက်ဖက်ခြောက်ခတ်သလို ရေနွေးထဲမှာ ခတ်ပြီး သောက်နိုင်ပါတယ်။ ပိတောက်ရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကို အောက်မှာ တစ်ချက်ချင်း ရှင်းပြပေးလိုက်ပါတယ်။

၁။ ပိတောက်ပင်မှာ သံဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးအားနည်းရောဂါကို သက်သာစေတဲ့အပြင် မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၂။ ဝမ်းကိုက်ဝမ်းလျှောဖြစ်နေရင် ပိတောက်ပင်ရဲ့ အမြစ်ကို သွေးပြီး သောက်နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါကို သက်သာစေပြီး ဝမ်းလျှောလို့ အားပြတ်နွမ်းနယ်နေတာကိုလည်း သက်သာစေပါတယ်။

၃။ ပိတောက်က သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးပြီး ဆီးချိုသွေးချိုမတက်အောင် ထိန်းညှိပေးနိုင်ပါတယ်။

၎။ ပိတောက်အခေါက်ကို အမှုန့်ကြိတ်၊ အဲဒီအမှုန့်ကို ရေနွေးကြမ်းထဲ နည်းနည်းထည့်သောက်ရင် သန်ကောင်ကြောင့်ဖြစ်တဲ့ ဝမ်းရောဂါတွေကို ပျောက်ကင်းစေပြီး သန်ကျစေပါတယ်။

၅။ ပွေး၊ ဝဲ၊ ညှင်း စတဲ့ အရေပြားရောဂါတွေဖြစ်ရင် ပိတောက်ခေါက်ကို သွေးလိမ်းပါ။ အပူလောင်ရင်လည်း ပိတောက်ရွက်ကို ကျိတ်၊ အရေညှစ်ပြီး အပူလောင်အနာပေါ်ကို လိမ်းနိုင်ပါတယ်။

၆။ ပွန်းရှဒဏ်ရာတွေဖြစ်ရင်လည်း ပိတောက်ခေါက်ကိုသွေးပြီး ဒဏ်ရာပေါ်ကို လိမ်းပါ။ အနာကျက်မြန်စေပြီး သက်သာစေပါတယ်။

၇။ ပန်းနာရင်ကြပ်၊ လေပြွန်ရောင်၊ ချောင်းဆိုးရင် ပိတောက်ခေါက်ကို သွေးပြီးသောက်ပါ။ လျှင်မြန်စွာပျောက်ကင်းစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ ပိတောက်က ဆံသားတွေကို နက်မှောင်ပြီး အရှည်မြန်စေပါတယ်။ ရှေးခေတ်က ပိတောက်ကို ဆံပင်ဆိုးဆေးတွေမှာ ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။

၉။ ပိတောက်ခေါက်က သွားနာပျောက်စေပါတယ်။ ရှေးခေတ်ကလူတွေဆိုရင် ပိတောက်ခေါက်နဲ့ သွားတိုက်တယ်လို့ သိရပါတယ်။

၁ဝ။ ပိတောက်ခေါက်ကို ကျိုပြီးသောက်ရင် အသည်းရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပြီး အသည်းရောင်ခြင်း လက္ခဏာရပ်တွေကို ထိန်းချုပ်ပေးပါတယ်။

၁၁။ ပိတောက်ခေါက်ကို ကျိုချက်ပြီးပဲဖြစ်ဖြစ်၊ သွေးပြီးပဲဖြစ်ဖြစ်သောက်ရင် ခန္ဓာကိုယ်တွင်းက ကိုလက်စထရောပမာဏကို လျော့ကျစေပြီး နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်လေငန်းရောဂါတွေကို ကာကွယ်ပေးပါတယ်။

ပိတောက်ပန်းကို ချစ်တယ်ဆိုရင် SHARE ဖို့ မမေ့နဲ့နော်။