ဘယ်လိုလူတွေမှာ IQ မြင့်နေတတ်တာလဲ။

blank
၁။ မြုံစိစိနဲ့ သီးသန့်ဆန်ဆန်နေတတ်သူတွေ

လူစုလူဝေးနဲ့ မနေတတ်ဘဲ တစ်ယောက်တည်း သီးသန့်နေတတ်ပြီး ကိုယ့်အတွက်အရေးကြီးတဲ့ အရာတွေပဲ အာရုံစူးစိုက်ပြီး လုပ်နေတတ်သူတွေပေါ့။ တစ်ယောက်တည်းနေပြီး ကိုယ့်အတွက်ကိုယ်ပဲ အာရုံစိုက်နေတော့ IQ မြင့်တာ မဆန်းပါဘူး။

၂။ မေတ္တာတရားကြီးမားပြီး ကူညီတတ်သူတွေ

မေတ္တာတရားကြီးမားတယ်ဆိုကတည်းက ပညာဉာဏ် အမျှော်အမြင်ရှိလို့ပေါ့။ လူတိုင်းကို ကိုယ်ချင်းစာတတ်တယ်။ ပြီးတော့ တစ်ဖက်သားရဲ့ အခက်အခဲတွေကို နားလည်ပေးတတ်တယ်။ ဒီတော့ ပြဿနာတိုင်းကို အကောင်းဆုံးဖြေရှင်းနိုင်ပြီး ဉာဏ်ပညာကြီးမားကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဟာသဉာဏ်ရွှင်သူတွေ

သမိုင်းတစ်လျှောက် လုပ်လာခဲ့တဲ့ သုတေသနတွေအားလုံးအရ ဟာသဉာဏ်ရွှင်ပြီး သူများတွေကို ပျော်ရွှင်စေသူတွေက အခြားသူတွေထက်ပိုပြီး IQ မြင့်ကြောင်း သက်သေပြနေပါတယ်။ လူမှုရေးဆိုင်ရာ အပြုအမူတွေကောင်းပြီး တစ်ဖက်လူကိုလည်း စိတ်အခြေအနေမြင့်တက်စေပါတယ်။ လူရွှင်တော်တွေကို အထင်မသေးနဲ့နော်။ သူတို့က သိပ်ဉာဏ်ကောင်းတာ။

၎။ စပ်စုတတ်သူတွေ

စပ်စုတတ်တယ်ဆိုမှတော့ အမြဲတမ်း အရာရာကို သိချင်နေသူတွေပေါ့။ အရာရာကို သိနေတတ်နေတော့ ပိုပြီး IQ မြင့်တယ်လို့ ပြောနိုင်တာပေါ့။ ပြီးတော့ အရာအားလုံးကို နားလည်နေတတ်တယ်လေ။

၅။ ညဘက်မအိပ်တဲ့ ညဇီးကွက်တွေ

ညဘက်တွေ ညည့်နက်တဲ့အထိ မအိပ်သူတွေက သူများတွေထက်ပိုပြီး IQ မြင့်ကြောင်း သိရပါတယ်။ ဟိုးရှေးခေတ် လူတွေအိပ်ချိန် သန်းခေါင်ယံကြယ်စုံမှ ကြယ်တွေကို ကြိုးစားပမ်းစား လေ့လာရတဲ့သူတွေဟာ ပိုပြီး ဉာဏ်ရည်မြင့်မားခဲ့ကြတာပဲ မဟုတ်လား။ တစ်ခုတော့ရှိတယ်၊ ဉာဏ်ရည်မြင့်ချင်တယ်ဆိုရင် ညမအိပ်တဲ့အချိန်တွေကို ကောင်းကောင်းအသုံးချဖို့တော့လိုပါတယ်။ ဂိမ်းဆော့တိုင်း IQ မမြင့်နိုင်ဘူးလေ။

သင်ကရော ဘယ်လို လူမျိုးလဲ။ comment မှာ ဖြေသွားခဲ့ပါဦးနော်။