သူများတွေ ကိုယ့်ကိုချီးကျူးတဲ့အခါ ဘာကြောင့်ရှက်ကိုးရှက်ကန်းဖြစ်မိကြတာလဲ။

blank

ချီးကျူးစကားဆိုခံရတာဟာ ကာယကံရှင်ကို စိတ်ချမ်းသာမှုပေးစွမ်းတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများစုကတော့ အဲ့ဒီလိုအဆိုခံရတဲ့အခါ ရှက်ကိုးရှက်ကန်းဖြစ်မိကြလေ့ရှိပါတယ်။ တကယ် ဆို ကိုယ့်အနေနဲ့ အလုပ်တစ်ခုကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့အတွက် အသိအ မှတ်ပြုခံရတာကို ဘာကြောင့် ရှက်ရွံ့ကြတာပါလဲ။

၁။ ကြွားဝါခြင်းက အမှားလို့ ငယ်ကတည်းက နားလည်ထားကြတယ်။

လူမှုရေးစံနှုန်းတွေအရ ကိုယ့်ကိုယ်ကို ကြွားဝါခြင်းက အမှားအယွင်းတစ်ခုအဖြစ် ငယ်ကတည်းက သိမှတ်ထားကြရပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကိုအကြောင်းတစ်ခုခုနဲ့ ချီးမွမ်း စကားအဆိုခံရရင်လည်း တစ်ခုခုကို ကြွားဝါမိသလိုမျိုး မြင်မိကြတဲ့အတွက် ရှက်ကိုးရှက်ကန်းဖြစ်ကြ တာပါ။

၂။ ချီးကျူးစကားအပေါ် မယုံကြည်နိုင်တာဖြစ်တယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့သူတွေအတွက် ချီးကျူးစကားကို လက်ခံရချိန်ဟာ တော် တော်ကို ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်သူတို့နဲ့ပတ်သက်ပြီး အဆိုးမြင်အတွေး တွေကိုပဲ ပိုလက်ခံထားကြလို့ပါ။ ဒါကြောင့် တစ်ယောက်ယောက်ဆီက ချီးကျူးစကားဆိုခံရတဲ့အခါ သူတို့ပထမဆုံးတွေးတာက အဲ့ဒီလူက သူတို့ကို ဟာသလုပ်တာ၊ ဒါမှမဟုတ် လိမ်ညာနေတယ်ဆို တာပါ။ အကျိုးဆက်အနေနဲ့ သူတို့ဟာ စိတ်ရှုပ်ထွေးမှုကို ခံစားရတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ကိုယ့်ကို အကဲဖြတ်သလိုခံစားရတယ်။

တစ်ယောက်ယောက်က ကိုယ့်ကို ချီးကျူးစကားဆိုတဲ့အခါ တစ်ယောက်ယောက်ကတော့ ကိုယ့်ကိုအာရုံစိုက်နေပြီဆိုပြီး ရုတ်တရက်သဘောပေါက်လိုက်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုအကဲဖြတ် ခံရသလိုမျိုးခံစားရပါတယ်။ ဒါက ကိုယ့်အတွက် အတွေးပွားစေပြီး သက်တောင့်သက်သာ မဖြစ်စေ တော့ပါဘူး။

စိတ်ပညာရှင်တွေကတော့ အပြုသဘောဆောင်တဲ့ချီးမွမ်းစကားတွေဆိုရင် ကျေးဇူးစကားနဲ့  အတူ လက်ခံလိုက်တာက အကောင်းဆုံးတုံ့ပြန်မှုလို့ အကြံပြုထားကြပါတယ်။ ပြီးတော့ ကိုယ်ကြိုးစား ခဲ့တဲ့ အရာတွေအတွက်လည်း ကိုယ့်ကိုယ်ကို အသိအမှတ်ပြုခံစားခွင့်ပေးသင့်ပါတယ်တဲ့။ ဒါပေမဲ့ အတိုင်းအတာထက်ပိုပြီး လက်ခံရင်တော့ ကိုယ့်ကိုယ်ကို အထင်ကြီးကြွားဝါတာဖြစ်သွားနိုင်တယ် ဆိုတာကိုလည်း သတိလေးပေးထားပါသေးတယ်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။