သင့်နေ့ရက်တွေကို ပိုမိုကောင်းမွန်လာစေမယ့် အယ်လင်ဒီဂျီနရီစ်(Ellen DeGeneres)ရဲ့ဒဿနလေးများ

blank

၁။ သင့်စိတ်အားထက်သန်မှုနောက်ကို လိုက်ပါ။ တခြားသူရဲ့လမ်းကိုလိုက်ရင် တခြားသူသွားချင်တဲ့ နေရာကိုပဲ သင်ရောက်သွားမှာပါ။ ဒါကြောင့် သင့်လမ်းသင်လျှောက်ပါ။

၂။ ဘဝဆိုတာ တိုတိုလေးပါ။ သင်လုပ်သင့်တာနဲ့ သင်လုပ်ချင်တာကို အချိန်ရှိခိုက်လုပ်ပါ။

၃။ ပျော်ရွှင်မှုရဲ့အဓိကသော့ဆိုတာ သင့်ကိုယ်သင်ပျော်ရွှင်အောင်ထားခြင်းပါ။

၎။ ပျော်ရွှင်မှုဆိုတာ သင့်အတွင်းစိတ်က လာတာပါ။ ဒါကြောင့် သင့်စိတ်ကို မပျော်ရွှင်အောင် လာတိုက်ခိုက်နေတဲ့ အတွေးတွေ၊ အဆိုးမြင်အရာတွေအားလုံးကို အကောင်းမြင်စိတ်၊ ပျော်ရွှင်မှုတွေနဲ့ အစားထိုးပစ်လိုက်ပါ။

၅။ ဘဝဆိုတာ ညီမျှခြင်းနဲ့တည်ဆောက်ထားတဲ့အရာပါ။ အကောင်းအဆိုး၊ အနိမ့်အမြင့်ရှိတာကို လက်ခံဖို့ ကြိုးစားပါ။

၆။ မနေ့ကသင်ယူခဲ့တာတွေက မှားနေတယ်ဆိုရင်တောင် ဒီနေ့အသစ်သင်ယူဖို့ မျက်လုံးကိုဖွင့်ထားပါ။

၇။ လူတိုင်းဟာ မတူညီကြတာမို့ သင်ကတခြားသူနဲ့မတူဘူးလို့လာပြောရင်လည်း ပြုံးပြုံးလေးသာ တုံ့ပြန်လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ တောင်ထိပ်ရောက်ဖို့ တောင်အောက်ကနေတက်ရတယ်။ အောင်မြင်ချင်ရင်လည်း အခက်အခဲတွေ ကို အရင်ကျော်ဖြတ်လိုက်ပါ။

၉။ စွန့်စားမှုတစ်ခုပြုတဲ့အခါ အရေးကြီးတဲ့အပိုင်းနှစ်ခုကို အရင်တွေးထားပါ။ အဲ့ဒါတွေက အောင်မြင် တဲ့အချိန်နဲ့ ကျဆုံးတဲ့အချိန်ပါ။

၁ဝ။ သင့်ကိုလူတွေက ဘယ်လိုမြင်တယ်၊ ဘာပြောတယ်ဆိုတာ အချိန်ကုန်ခံပြီး တွေးမနေပါနဲ့။ သူတို့ ပြောတဲ့ပုံစံပြုပြင်ပေးပြီးရင်လည်း သူတို့က သင့်အကြောင်းဆက်ပြောနေကြဦးမှာမို့ပါ။

၁၁။ ကျဆုံးမှုဆိုတာ အောင်မြင်မှုဆီလှမ်းဖို့ လှေကားထစ်တွေပါ။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို LIKE & SHARE လေးလုပ်ထားလိုက်ပါ။