အများထက် ခေါင်းတစ်လုံး ပိုသာစေမယ့် နည်းလမ်းကောင်းများ

blank
၁။ နေ့တိုင်း ကြိုတင်စီစဉ်မထားတဲ့ အလုပ်တစ်ခုကို လုပ်ပါ။

ကြိုတင်စီစဉ်ထားတာမဟုတ်ဘဲ ကိုယ့်အတွက်အကျိုးရှိမယ့်အလုပ်တစ်ခုကို ရုတ်တရက်လုပ်ပါ။ နေ့တိုင်းနေ့တိုင်း တစ်နေ့ကို အလုပ်တစ်မျိုးလုပ်သွားနိုင်ရင် ပိုကောင်းပါတယ်။ အစီအစဉ်အတိုင်းမဟုတ်တဲ့ အလုပ်သစ်တွေကြောင့် အခွင့်အလမ်းကောင်းတွေ ရလာနိုင်ပါတယ်။

၂။ နေ့တိုင်းအတွက် ထုံးစံတစ်ခုထားပါ။

ကျွန်မတို့ဟာ ကိုယ်ကြိုးစားလုပ်ဆောင်နေသလောက် ကိုယ့်ကိုယ်ကို အသိအမှတ်မပြုတတ်ကြပါဘူး။ နေ့တိုင်းမှာ တစ်နေ့ကို ကိုယ်ကြိုက်နှစ်သက်တဲ့အရာ ၃ ခုလုပ်ပါ။ ကိုယ်ကြိုက်တာလုပ်နေရတဲ့အတွက် ကျေးဇူးတင်စိတ်လေးတွေ ဖြစ်ပေါ်လာမယ်၊ ပိုပြီး အိပ်ပျော်လာမယ်၊ ပိုပြီး စိတ်ကျေနပ်ပျော်ရွှင်လာမယ်၊ ပြီးတော့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်လာမယ်။

၃။ တစ်နေ့ကို အနည်းဆုံး ၁ဝ မိနစ်လောက်တော့ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက ဦးနှောက်ကို ကောင်းမွန်စေတယ်၊ စိတ်လက်ပေါ့ပါးစေတယ်။ စိတ်ပေါ့ပါးတော့ အလုပ်တွေကို ပိုကြိုးစားနိုင်တယ်၊ ပြီးတော့ ပိုပြီး ကျန်းမာရေးကောင်းစေပါတယ်။

၎။ အလုပ်တွေဆက်တိုက်မလုပ်ဘဲ အနားယူပါ။

အလုပ်တွေ တစ်ခုပြီး တစ်ခုဆက်တိုက်လုပ်ရင် စိတ်ရော၊ ကိုယ်ရော၊ ဦးနှောက်ပါ ပင်ပန်းပါတယ်။ အဲဒီလို ပင်ပန်းတဲ့အခါ အလုပ်လုပ်နေရင်တောင် အလုပ်မတွင်တော့ပါဘူး။ ဒါကြောင့် အလုပ်တစ်ခုနဲ့တစ်ခုကြား ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပြန်ပြီး အားဖြည့်တဲ့အနေနဲ့ အနားယူလိုက်ပါ။

၅။ အသစ်အသစ်တွေကို လေ့လာသင်ယူပါ။

ပညာရပ်အသစ်တွေကို လေ့လာသင်ကြားခြင်းက ဦးနှောက်ရဲ့ ဆက်နွယ်မှုတွေကို အားကောင်းစေပါတယ်။ ဒါတင်မကသေးပါဘူး အကြံဉာဏ်သစ်တွေ စဉ်းစားမိစေနိုင်ပြီး အခွင့်အလမ်းကောင်းတွေလည်း ရရှိစေပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။