တရားထိုင်စရာမလိုဘဲ စိတ်ငြိမ်စေတဲ့ နည်းလမ်းကောင်း (၄) သွယ်

blank

စိတ်ပူပန်စရာ၊ စိတ်ရှုပ်စရာနေ့ရက်တွေမှာ စိတ်ကို တည်ငြိမ်အောင်ထားဖို့ဆိုတာ ခက်ပါတယ်။ တရားထိုင်တာက အကောင်းဆုံးအဖြေဖြစ်ပေမဲ့ တရားထိုင်ဖို့ အခြေအနေမပေးတဲ့အခါ၊ စိတ်မပါတဲ့အခါ ဘယ်လိုလုပ်သင့်လဲ။ တခြားနည်းလမ်းရှိသေးလား။

တရားထိုင်တာကို စိတ်မဝင်စားတဲ့သူတွေအတွက် ရှုပ်ထွေးနောက်ကျိနေတဲ့စိတ်ကို တည်ငြိမ်အေးချမ်းသွားစေနိုင်တဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

၁။ ရှုပ်ထွေးတဲ့အလုပ်တွေကို လုပ်ကြည့်ပါ။

စိတ်ရှုပ်စရာတွေ၊ စိတ်ပူပန်စရာတွေက တွေးလေ ပိုဆိုးလေပါပဲ။ ဒီတော့ ဦးနှောက်သုံးပြီး လုပ်ရတဲ့ စိတ်ဝင်စားစရာအလုပ်တွေကို လုပ်ကြည့်လိုက်ပါ။ အဲဒီအလုပ်အပေါ် အာရုံရောက်သွားပြီး စိတ်ညစ်စရာတွေကို မေ့သွားလိမ့်မယ်။ ပြီးရင် တဖြည်းဖြည်း စိတ်ငြိမ်သွားပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ တစ်စုံတစ်ယောက်ကို ကူညီပါ။

အကူအညီလိုအပ်နေတဲ့သူကို ကူညီရင်း စိတ်ရှုပ်စရာတွေကိုမေ့သွားအောင် အာရုံပြောင်းလိုက်ပါ။ ဒီနည်းလမ်းက တကယ်ထိရောက်ပါတယ်။ စိတ်ကိုလည်း တည်ငြိမ်စေတယ်။ တစ်ခါတလေ သူများအကျိုးဆောင်ရင်း ကိုယ့်အကျိုးအောင်သွားတာတွေလည်း ရှိတတ်တယ်မဟုတ်လား။

၃။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး အိပ်လိုက်ပါ။

စိတ်လှုပ်ရှားပြီး စိတ်မတည်မငြိမ်ဖြစ်နေရခြင်းအကြောင်းရင်းထဲမှာ အိပ်ရေးမဝတာလည်း ပါတယ်။ စိတ်ဖိစီးတော့ အိပ်မပျော်၊ အိပ်မပျော်တော့ ပိုစိတ်ဖိစီး ဒီလိုနဲ့ ပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့် စိတ်ရှုပ်လာရင် လေ့ကျင့်ခန်းလုပ်လိုက်၊ ပြီးရင် အိပ်ပျော်အောင် အိပ်လိုက်ပါ။

၎။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ပါ။

သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ပါ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ဖြုန်းတာကလည်း စိတ်ရှုပ်ထွေးမှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ စိတ်တည်ငြိမ်ပြီး ပေါ့ပါးဖို့ လိုအပ်တာက စိတ်တူကိုယ်တူ သူငယ်ချင်းတွေရယ်၊ အရသာကောင်းတဲ့ စားသောက်စရာတွေရယ်ပါပဲ။

စိတ်တွေရှုပ်ထွေးပြီး မတည်မငြိမ်ဖြစ်လာပြီဆိုတိုင်း ဒီနည်းလမ်း ၄ခုကို သတိရလိုက်ပါ။

မှတ်သားစရာစာစောင်လေးဖြစ်တာကြောင့် SHARE လိုက်ပါဦးနော်။