နားဖာချေးရဲ့လက္ခဏာရပ်တွေက ညွှန်ပြနေတဲ့သင့်ကျန်းမာရေး

blank
၁။ အစိမ်းရောင်၊ သို့မဟုတ် အဝါရောင်ဖြစ်နေခြင်း။

သာမန်နားဖာချေးက အဝါဖျော့ဖျော့ကနေ အရောင်ရင့်ရင့်အထိရှိပါတယ်။ ဒါပေမဲ့ အဝါ၊ အ စိမ်း၊ အဖြူနဲ့ လုံးဝရင့်မှောင်နေတယ်ဆိုရင်တော့ ဒါဟာ ကူးစက်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို ဆိုရင်တော့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်။ ရေကူးသမားတွေ နားထဲရေဝင်တာမျိုး ကတော့ အိမ်မှာပဲ နားသန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

၂။ အလွှာလေးတွေ ကွာကျနေခြင်း။

နားဖာချေးစီးဆင်းရာတလျှောက် နားတွင်းအရေပြားက ခြောက်သွေ့ပြီး အလွှာလေးတွေ ကွာ ကျနေတယ်ဆိုရင် နှင်းခူနာ(eczema) ဖြစ်နိုင်ပါတယ်။ နှင်းခူနာကို ကုသမှုခံယူရတာက လွယ်ကူပါ တယ်။ ဒါပေမဲ့ နာကျင်မှုကိုပါ ခံစားရတယ်ဆိုရင်တော့ psoriasis ခေါ် အရေပြားရောဂါ ရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

၃။ အနံ့ထွက်ခြင်း။

နားဖာချေးတွေမှာ အနံ့တစ်ခုခုထွက်နေတာဟာ ကူးစက်ရောဂါရဲ့လက္ခဏာရပ်ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ နားဖာချေးအနံ့ထွက်ရင် ကိုယ်တိုင်သတိထားမိနိုင်သလို တခြားသူတွေက သတိ ပေးခြင်းဖြင့်လည်း သိနိုင်ပါတယ်။ ဒီလိုဖြစ်နေရင် ဆရာဝန်နဲ့ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အထူးသ ဖြင့် နားအူခြင်းကိုပါ ခံစားနေရရင် အန္တရာယ်ရှိတဲ့အခြေအနေမို့ အမြန်ကုသမှုခံယူသင့်ပါတယ်။

၎။ နားပြည်ယိုခြင်း။

လေ့ကျင့်ခန်းလုပ်ပြီးချိန် နားမှာ စွတ်စိုနေတာက ချွေးကြောင့်လည်းဖြစ်နိုင်ပါတယ်။ အိပ်ရာက နိုးလာချိန်မှာ ခေါင်းအုံးပေါ် နားဖာချေးတွေရှိနေရင်၊ ဒါမှမဟုတ် နားဝမှာစွတ်စိုနေရင် နားမှာ ကူးစက် ရောဂါဖြစ်နေတဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးကုသသင့်ပါတယ်။

၅။ နားဖာချေးအမြဲပိတ်နေခြင်း။

သာမန်ထက်ပိုပြီး နားဖာချေးအမြဲပိတ်နေတာက ကောင်းတဲ့လက္ခဏာတစ်ရပ်မဟုတ်ပါဘူး။ တချို့လူတွေလုပ် သလို နားကို ဂွမ်းနဲ့ သန့်စင်တာမျိုး၊ အမွှေးအတောင်တစ်ခုခုနဲ့ ကလော်တာမျိုး တွေကို လုံးဝမပြုလုပ် ပါနဲ့။ အဲ့ဒီလိုပြုလုပ်ခြင်းက ပွန်းပဲ့နာကျင်မှုကို ဖြစ်ပေါ်စေပြီး အကြားအာရုံကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၆။ ယားယံခြင်း။

မကြာခဏဖြစ်တာမျိုးမဟုတ်ဘဲ နားကို အမြဲတမ်းကုတ်နေရတယ်ဆိုရင် နားမှာ ကူးစက်ရောဂါ တစ်ခုခုဖြစ်ဖို့များတာကြောင့် ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပြီး ကုသမှုခံယူသင့်ပါတယ်။

၇။ ခြောက်သွေ့နက်မှောင်နေခြင်း။

နားဖာချေးက သာမန်ထက်ခြောက်သွေ့နက်မှောင်နေတာကို သတိပြုမိတယ်ဆိုရင် ဒါဟာ အ သက်အရွယ်ရလာခြင်းရဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ လူတွေဟာ အသက်အရွယ်ရလာတဲ့အခါ နား ဖာချေးတွေက ပိုခြောက်သွေ့ပြီး အလွှာလေးတွေ ဖြစ်လာတာက သဘာဝပါပဲ။

သိမှတ်စရာလေးတွေ ပြန်လည်မျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။