သင့်စိတ်ထောင်ချောက်အတွင်း သင့်ဘဝ မသက်ဆင်းမိစေဖို့

blank

တစ်ခါတရံမှာ လူတွေကြုံတွေ့ကြရတဲ့ စိတ်ဖိစီးမှုတွေဆိုတာ ပြင်ပကမ္ဘာဆီက ရလာတာ မ ဟုတ်ပါဘူး။ မိမိတို့စိတ်ကို မိမိမထိန်းချုပ်နိုင်တာကြောင့် နောက်ဆက်တွဲရလာတဲ့ စိတ်ဖိစီးမှုတွေဖြစ် နေတတ်ပါတယ်။ ဒါကြောင့် စိတ်အနှောင်အဖွဲ့ကင်းပြီး စိတ်ဖိစီးမှုတွေမကြုံကြရစေဖို့ ဘယ်လိုနည်း လမ်းလေးတွေကို ကျင့်သုံးကြည့်ကြမလဲဆိုတဲ့အကြံပြုချက်လေးတွေကို ဖတ်ကြည့်ကြရအောင်နော်။

၁။ မိမိကိုယ်မိမိ ကြင်နာစွာ ဆက်ဆံပါ။

        မိမိဘဝထဲက အမှားတွေ၊ အားနည်းချက်တွေကို ခွင့်လွှတ်ပါ။ အောင်မြင်မှုတွေကို ဂုဏ်ယူပြီး မိမိကိုယ်မိမိ ကြင်နာစွာဆက်ဆံပါ။

၂။ ပေးတိုင်းယူတာမျိုးရှေုာင်ကြဉ်ပါ။

ဘဝဆိုတာ အပေးအယူနဲ့တည်ဆောက်ထားတာဖြစ်တဲ့အတွက် ရေရှည်မှာငွေကုန်ကြေးကျ များလို့ စိတ်ဖိစီးရမယ့်အခြေအနေကို ရှောင်လွှဲချင်ရင် အလကားရတဲ့အရာတွေကို ငြင်းဆန်လိုက်ပါ။

၃။ စာဖတ်ချိန်သတ်မှတ်ပါ။

အလုပ်တွေများနေရင် စာဖတ်ချိန်အတွက်  စိတ်ဖိစီးမှုမခံဘဲ မိမိဖတ်နိုင်သလောက် စာမျက် နှာပမာဏကိုသတ်မှတ်ပြီး တစ်ရက်ကို နည်းနည်းစီဖတ်ပါ။

၎။ ဦးနှောက်ကျန်းမာရေးကို ဂရုစိုက်ပါ။

ဦးနှောက်ဖိစီးမှုလျော့နည်းစေဖို့ ညအိပ်ရာမဝင်ခင်မှာ မိမိအိပ်မက်တွေ၊ ရည်ရွယ်ချက်တွေကို ချက်ချင်းရချင်တဲ့လောဘစိတ်နဲ့ မတွေးပါနဲ့။ တစ်နေ့ပိုင်ဆိုင်ရမယ်ဆိုတဲ့စိတ်နဲ့ စိတ်ကူးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ လေ့ကျင့်ခန်းလုပ်ပြီးခါစမှာ စကားစမြည်ပြောတာမျိုးရှောင်ကြဉ်ပါ။

လေ့ကျင့်ခန်းလုပ်ပြီးစအချိန်ဟာ လူကို စကားများများပြောမိစေတဲ့အတွက် တစ်ဖက်သားက မိမိရဲ့ လျှို့ဝှက်ချက်တွေကို စကားနှိုက်ဖို့ လွယ်ကူလှပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးစအချိန် မှာ စကားစမြည်ပြောတာမျိုးမလုပ်ဘဲ အိမ်ကိုပြန်ပါ။

၆။ ဖုန်းထဲက ဂိမ်းတွေကို ဖယ်ရှားလိုက်ပါ။

အာရုံစိုက်ရလွန်းတဲ့ဖုန်းဂိမ်းတွေဟာ အလုပ်ပျက်စေတဲ့အတွက် စိတ်ဖိစီးမှုတွေဖြစ်စေပါတယ်။ ဒါကြောင့် ဂိမ်းကစားမဲ့အစား စိတ်ကောကိုယ်ပါကျန်းမာစေမယ့် လေ့ကျင့်ခန်းမျိုးတွေ ပြုလုပ်ပေးပါ။

၇။ ပြဿနာတွေကို ပိုမိုသေးငယ်အောင် စဉ်းစားပါ။

ရှုပ်ထွေးတဲ့စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ဦးနှောက်ဖိစီးမှု ဖြစ်ပေါ်စေပါတယ်။ ဒါကို လျှော့ ချဖို့ဆိုရင် ပြဿနာကို သေးငယ်အောင်စဉ်းစားပြီး ဖြေရှင်းနည်းအဆင့်ဆင့်ကို ပိုအာရုံစိုက်ပေးပါ။

၈။ ဈေးဝယ်ထွက်တဲ့အခါ မလိုအပ်တာတွေကို လျှော့ဝယ်ပါ။

ဈေးဝယ်ထွက်တဲ့အခါ မြင်သမျှကောက်ဝယ်ခြင်းကလည်း ဒိုပါမိုင်းခေါ် ဟော်မုန်းဓာတ်တစ်မျိုး ကြောင့်ဖြစ်ပါတယ်။ မျက်လုံးက စိတ်ဝင်စားစရာအရာတွေကို တွေ့တဲ့အခါ  ဟော်မုန်းဓာတ်တွေက လက်ဆီရောက်သွားပြီး ပစ္စည်းတွေကို ကိုင်တွယ်ထိတွေ့စေပါတယ်။ ဒါကြောင့် မလိုအပ်တာတွေ လျှော့ဝယ်ပြီး စိတ်ဖိစီးမှုက ရှောင်လွှဲဖို့ဆိုရင် လက်တွေကို အိတ်ကပ်ထဲထည့်ထားပါ။

၉။ ဗိုက်ပြည့်တဲ့အခါ ပန်းကန်ကို ဝေးဝေးရွှေ့လိုက်ပါ။

ဒီနည်းလမ်းက ရိုးရှင်းပေမဲ့ မိမိအနေနဲ့ စားပွဲဝိုင်းက မခွာနိုင်သေးရင်တောင် အလွန်အကျွံ ထပ် မစားဖြစ်တော့ပါဘူး။ ဒါမှမဟုတ် မိမိပန်းကန်ပေါ် လက်သုတ်ပဝါနဲ့ဖုံးအုပ်ပစ်လိုက်ပါ။ ဒါဆိုရင် ဆက် စားဖို့စိတ်ကူးတွေ လုံးဝပျက်ပြယ်သွားမှာပါ။

၁ဝ။ မအိပ်ခင်တစ်နာရီအလိုမှာ မီးရောင်လျှော့ချပါ။

လျှော့ချလိုက်တဲ့အလင်းရောင်က ဦးနှောက်ဆီကို အိပ်စက်သင့်ပြီဆိုတာ သတင်းပို့ပေးပါ တယ်။ ဦးနှောက်လန်းဆန်းမှုတွေ စတင်လျော့ကျလာသလို စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေကလည်း နှေးကွေးလာပြီး သက်တောင့်သက်သာနဲ့ အိပ်ပျော်သွားမှာပါ။

ဆောင်းပါးလေးက သင့်အတွက် အသုံးတည့်တယ်ဆိုရင် တခြားသူတွေပါ ဖတ်ရအောင် SHARE လိုက်ပါဦးနော်။