သစ္စာဖောက်သွားတဲ့ ချစ်သူကို ခွင့်လွတ်ရမလား…. အဆက်ဖြတ်ရမလား..

blank

ကျွန်မနဲ့ သူ ချစ်သူဖြစ်လာတာ (၇) နှစ်ကျော်သွားပါပြီ။ ကျောင်းတက်ကတည်းက တွဲလာကြပြီး လက်ထပ်ဖို့အထိရည်ရွယ်ထားကြတဲ့သူတွေပါ။ နှစ်ဖက်မိဘတွေနဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကျွန်မတို့နှစ်ယောက်ရဲ့အချစ်ရေးကို ပွင့်လင်းစွာအသိပေးပြီးသားပါ။ တစ်ခါတလေ စိတ်ဆိုးစိတ်ကောက်တာက လွဲရင် ကျွန်မတို့နှစ်ယောက်ကြားမှာ ပြဿနာကြီးကြီးမားမားလည်း မရှိပါဘူး။ လောလောဆယ်မှာတော့ အလုပ်ကိစ္စတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် တစ်နယ်စီဖြစ်နေကြပါတယ်။ ဖုန်းတွေ၊ အင်တာနက်တွေနဲ့တော့ အဆက်အသွယ်ရှိပါတယ်။

ဒီလိုနေရင်းမှာ သူက လိုင်းပေါ်မှာကောင်မလေးတစ်ယောက်နဲ့တွေ့ပါတယ်။ ကောင်မလေးနဲ့ အီစီကလီတွေပြောကြတာ၊ ဖုန်းပြောကြတာတွေဖြစ်လာပါတယ်။ ကျွန်မနဲ့လည်း ပုံမှန်တော့ အဆက်အသွယ်ရှိပါတယ်။ အရင်ကလိုပဲ ပြောင်းလဲမှုတော့မရှိပါဘူး။ ဟိုဖက်ကကောင်မလေးကိုလည်း ချစ်စကားကြိုက်စကားတွေပြောပြီး အဆင်ပြေနေပါတယ်။ တစ်နေ့မှာ သူအဲ့ဒီလိုလုပ်နေတာတွေကို ကျွန်မလာပါတယ်။ သူ့ကိုကျွန်မမေးတဲ့အချိန်မှာ သူက ကျွန်မကိုပဲ ချစ်တဲ့အကြောင်း၊ သူမှားသွားပါတယ်ဆိုတဲ့အကြောင်းတောင်းပန်တယ်။ ကျွန်မကိုအဆုံးရှုံးမခံနိုင်တဲ့အကြောင်းတွေ သူဘယ်လောက်ပဲပြောပြော ကျွန်မအယုံအကြည်မရှိတော့ပါဘူး။ သူ့ကိုချစ်တဲ့စိတ်က တစ်ဖက်၊ မယုံကြည်တော့တဲ့ စိတ်ကတစ်ဖက်နဲ့တော်တော်လေးစိတ်ဆင်းရဲပါတယ်။ (၇) နှစ်တာ သံယောဇဉ်ကို တိခနဲဖြတ်လို့မရနိုင်သလို သစ္စာမစောင့်သိဘူးဆိုတဲ့စိတ်ကလည်း ကျွန်မကိုနှိပ်စက်နေပါတယ်။ သူကလည်း တောင်းပန်စကားတွေ တွင်တွင်ပြောပြီး ချော့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မလေ သူ့ကို ဆုံးရှုံးရမှာကြောက်သလို မယုံကြည်နိုင်တော့ဘူး။

ချစ်ပေမဲ့ နောက်ထပ်အဲ့ဒီလိုလုပ်မှာကို ကြောက်နေမိတယ်။

(၇) နှစ်တာ အချစ်ရေးတစ်ခုကိုမှ မထောက်ထားဘဲ အွန်လိုင်းပေါ်မှာ သာယာမှုရှာနေတဲ့သူ့ကို နာကျည်းမိတယ်။ ဒါပေမဲ့ ကျွန်မသူ့ကို သိပ်ချစ်တယ်။

ကျွန်မဘာလုပ်ရမလဲဟင်…

တစ်ခါသစ္စာဖောက်သွားတဲ့သူကို ခွင့်မလွတ်နိုင်ဖြစ်နေတာ ကျွန်မမှားလား။

ကျွန်မသူနဲ့ ဆက်ပြီးလက်တွဲသင့်လား…