ကြီးပွားချမ်းသာချင်တဲ့ လူငယ်များအတွက် အကြံပြုချက်လေးများ

blank

အသက်ငယ်ငယ်နဲ့ အောင်မြင်ချမ်းသာတဲ့လူတစ်ယောက် ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ အထူးသဖြင့် ကိုယ်စွမ်းကိုယ်စတွေနဲ့ ကြီးပွားချမ်းသာအောင် ရုန်းကန်လှုပ်ရှားရတဲ့ လူငယ်တွေအတွက်ပေါ့။ ဒါကြောင့် ဂန္ထဝင်အနေနဲ့ ကိုယ်စွမ်းကိုယ်စနဲ့ ကြီးပွားချမ်းသာချင်တဲ့လူငယ်လေးတွေအတွက် ကြီးပွားချမ်းသာဖို့ အထောက်အကူပြုပေးနိုင်မယ့် နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ သင်ရောက်ချင်တဲ့ ပန်းတိုင်ကို စိတ်ကူးကြည့်ပါ။ မိမိချမ်းသာလာတဲ့အခါ အကျိုးပြုပေးလိုတဲ့ မိဘနဲ့ မိသားစုကို ကူညီထောက်ပံ့ပေးနိုင်မယ်ဆိုတဲ့ စိတ်ဟာ သင့်ကိုအချိန်တိုင်း တက်ကြွပျော်ရွှင်နေစေဖို့ ကူညီပေးပါလိမ့်မယ်။

၂။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို ကန့်သတ်မထားပါနဲ့။ ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေဟာ သင့်ရဲ့စိတ်ဓာတ်တက်ကြွမှုကို လျော့နည်းစေပါတယ်။

၃။ သင့်ရဲ့ ပန်းတိုင်ကို ရေတိုနဲ့ရေရှည်အဖြစ်ခွဲခြားထားပါ။ အသေးစိတ်အသုံးစရိတ်ကအစ ဂရုစိုက်ဖို့လိုသလို ဝင်ငွေကိုနည်းနည်းချင်းစီစုသွားဖို့လိုပါတယ်။

၎။ သင်နဲ့နီးစပ်ရာမှာ တကယ်အောင်မြင်နေတဲ့သူတွေဆီက စနည်းနာပါ။ ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်ဖို့ သူတို့အသုံးချတဲ့ ငွေကြေးဆိုင်ရာစီမံခန့်ခွဲပုံတွေကို လေ့လာပါ။ အများစုဟာ အလွယ်တကူရရှိခဲ့တာမဟုတ်ဘူးဆိုတာကို သိလာပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သင့်ရဲ့လုပ်ရည်ကိုင်ရည်အလိုက် အခွင့်အလန်းတွေရရှိနိုင်တဲ့ အလုပ်အကိုင်တွေကို ရှာဖွေပါ။

၆။ သင့်ရဲ့ အရည်အချင်းတွေက ဘာတွေလဲဆိုတာကို သိအောင်လုပ်ပါ။ ဝင်ငွေတစ်ခုတည်းကို မကြည့်ဘဲ သင့်ရဲ့စိတ်ဝင်စားမှုနဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့အလုပ်မျိုးကို ရွေးချယ်တာက ပိုကောင်းပါတယ်။

၇။ ဖြတ်လတ်တက်ကြွနေတဲ့ ငယ်ရွယ်တဲ့အချိန်မှာ လူကြီးတွေဆီကနေ အတွေ့အကြုံ၊  ဗဟုသုတတွေကို ရသလောက်ယူပါ။

၈။ ဝင်ငွေတစ်ခုတည်းအပေါ်မှာ မှီခိုနေတာမျိုးမလုပ်ဘဲ နောက်ထပ်ဝင်ငွေရနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ စိတ်ချရတဲ့ ရင်းနှီးမြှပ်နှံမှုလေးတွေမှာ ပါဝင်တာ၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းလေးတွေကို တည်ထောင်ထားမျိုးကို ပြုလုပ်ထားသင့်ပါတယ်။

၉။ သင့်လိုပဲ အောင်မြင်ကြီးပွားအောင် ကြိုးစားနေတဲ့ လူငယ်တွေနဲ့ ကွန်ယက်ချိတ်ဆက်တာမျိုးတွေပြုလုပ်ပါ။

၁ဝ။ သုံးပြီးပိုတာကို မစုပါနဲ့။ စုပြီးပိုတာကို သုံးပါ။

ဒီနည်းလေးတွေအတိုင်း လိုက်နာကြည့်ပြီး အောင်မြင်ချမ်းသာတဲ့သူတွေ ဖြစ်နိုင်ကြပါစေရှင်။