၂ဝ၁၈ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (မတ်လ ၁၉-ရက်နေ့မှ ၂၅-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အပြုသဘောဆောင်တဲ့ စိတ်ချမ်းသာစရာကိစ္စလေးတွေ ပြည့်နေတဲ့ ကာလဖြစ်ပါတယ်။ ချစ် ခင်ရသူတွေနဲ့ ပိုပြီးစည်းစည်းလုံးလုံးရှိနေတဲ့အတွက် ပျော်ရွှင်စရာဖြစ်နေမယ်။ ဆွေမျိုးထဲ မင်္ဂလာကိစ္စ ပေါ်မယ်။ မိသားစုနဲ့ဆိုင်တဲ့ပွဲလမ်းသဘင်တစ်ခုကို သင်ကိုယ်တိုင်ဦးဆောင်စီစဉ်ရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။ ငွေကြေးကံသင့်တင့်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အခန့်မသင့်ရင် ချစ်ခင်သူတွေနဲ့ သဘောထားကွဲလွဲစရာတွေတွေ့တတ်တာကြောင့် ယခု အပတ်အတွင်း စကားအပြောအဆိုဆင်ခြင်ပါ။ ပညာရေးလေ့လာလိုက်စားနေသူဖြစ်ပါက နိုင်ငံရပ် ခြားအထိ ပညာသင်ယူဖို့ အခွင့်အလမ်းတွေပေါ်မယ်။ ဆရာသမားကောင်းနဲ့တွေ့မယ်။ ချစ်သူမရှိ သေးရင် ရပ်ဝေးကလူနဲ့ ဖူးစာဆုံရတတ်တယ်။

ယတြာ။         ။ မွေးနံထောင့်မှာစံပယ်ပန်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)     
မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

လူမှုရေးကိစ္စတွေများလွန်းနေတာကြောင့် အလုပ်ဘက်မှာ လစ်ဟာနေမယ်။ လက်အောက်ဝန် ထမ်းတွေအမှားကို တာဝန်ယူဖြေရှင်းရတတ်တယ်။ ငွေကြေးကိစ္စတွေ၊ စာရင်းဇယားကိစ္စတွေကို သေ ချာကိုင်တွယ်ပါ။ အရောင်းအဝယ်သမားဖြစ်ပါက သောကြာနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ အချစ်ရေးမှာ စန်းပွင့်ပြီး ရွေးရခက်နေတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိန်ခေါ်မှုတွေများနေတဲ့ ကာလဖြစ်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး ပြိုင်ဆိုင်မှုတွေ ကြုံရ မယ်။ အတိုက်အခိုက်တွေများနေပါမယ်။  ရန်ကို ရန်ချင်းမတုံ့နှင်းဘဲ ကြိုးစားနိုင်သလောက်သာ ကြိုး စားလိုက်ပါ။ အကူအညီပေးမယ့် မိတ်ဆွေကောင်းတွေနဲ့ တွေ့မှာပါ။ အခက်အခဲတွေ ပြေလည်သွား တဲ့အခါ ကြိုးစားမှုရဲ့ရလဒ်အဖြစ် ငွေကြေးအမြတ်အစွန်းတွေ အများကြီးရရှိမှာပါ။ အချစ်ရေးသင့်ပါ တယ်။

ယတြာ။         ။ မွေးရက်မှာ အလှူဒါနတစ်ခုခုပြုပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အစားမှားပြီး ဆေးရုံ၊ ဆေးခန်းရောက်ရတတ်တယ်။ အစားအသောက်ဆင်ခြင်သတိပြုပါ။ ငွေကြေးကံကောင်းနေပါတယ်။ အမွေရကိန်း၊ ထီပေါက်ကိန်းရှိတယ်။ ထီထိုးပါ။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ နေရာအပြောင်းအရွှေ့ရှိမယ်။ အချစ်ရေးမှာ ချစ်သူနဲ့နားလည်မှုလေးတွေ လွဲနေ တတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတလုပ်ပါ။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ယုံကြည်ထားတဲ့အရင်းနှီးဆုံးသူတစ်ယောက်ရဲ့ သစ္စာဖောက်တာကို ခံရတတ်တဲ့ကာလပါ။ လူ တိုင်းအပေါ် မယုံပါနဲ့။ အရေးကြီးတဲ့အရေးကိစ္စတွေမှာ လူတိုင်းကို မပြောပြပါနဲ့။ ငွေကြေးကံသင့်ပါ တယ်။ မျှော်လင့်မထားဘဲ ငွေဝင်မယ့်ခရီးတစ်ခုထွက်ရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ရှေ့ သစ်ပင်စိုက်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလှူရေစက်လက်နဲ့မကွာဆိုသလို အလှူဒါနလေးတွေကို ပြုဖြစ်နေမယ့်ကာလပါ။ အဝေး ရောက် မိတ်ဆွေသူငယ်ချင်းတွေရဲ့အကူအညီကြောင့် စီးပွားရေးလုပ်ငန်းတွေလည်း တွင်တွင်ကျယ် ကျယ်လုပ်ဖြစ်နေမယ်။ အမြတ်အစွန်းကောင်းကောင်းရမယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ ချစ်သူမရှိသေး သူများ အောင်သွယ်ကောင်းတွေ့ပြီး ချစ်သူရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို မုန့်ကျွေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

လူကြီးမိဘတွေရဲ့ ကျန်းမာရေးကိစ္စအတွက် ပူပန်နေရမယ်။ စီးပွားရေးလုပ်ငန်းတွေ မျှော်မှန်း ထားတာထက် အဆင်ပြေမယ်။ လုပ်ငန်းသစ်တိုးချဲ့ရမယ်။ အင်္ဂါနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ နေအိမ်ကို စက်ပစ္စည်းအသစ်ဝင်မယ်။ ချစ်သူရှိသူများ ကြားလေသွေးလို့ ဝေးနေရမယ်။

ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးနဲ့ကန်တော့ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အချစ်ရေးနဲ့ မိသားစုအရေးကြားမှာ ဗျာများနေရတတ်တယ်။ မိသားစုကိစ္စတွေမှာ ထဲထဲဝင်ဝင် ဦးဆောင်လုပ်ကိုင်နေရတာကြောင့် ချစ်သူကို အချိန်မပေးနိုင်ဘဲဖြစ်နေမယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ မိသားစုဝင်အသစ်တိုးမယ်။ ငွေကြေးကံကောင်းနေပါတယ်။

ယတြာ။         ။ မွေးရက်မှာ အဖြူရောင်အင်္ကျီဝတ်ဆင်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကြိုးစားထားသမျှတွေ အကောင်အထည်ပေါ်လာမယ့် ကာလဖြစ်ပါတယ်။ မျှော်မှန်းထား တာထက်တောင် အောင်မြင်မှုရရှိမှာမို့ ပျော်ရွှင်နေမယ်။ ဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြန်ရမယ်။ သူတို့အကူအညီနဲ့ အလုပ်လေးတွေပိုတိုးချဲ့နိုင်မယ်။ အချစ်ရေးမှာ အသက်ငယ်တဲ့သူနဲ့တွေ့တတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ခိုစာကျွေးပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )   
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

ဘာမှန်းမသိတဲ့ လူမှုရေးကိစ္စတွေနဲ့ ခေါင်းရှုပ်နေမိမယ့် ကာလဖြစ်ပါတယ်။ ငွေဝင်သလို ငွေ ထွက်လည်း ကြမ်းနေတာကြောင့် အတန်ငယ်စိတ်မောနေမိမယ်။ ငွေအပျောက်အရှရှိတတ်တာ ကြောင့် ဘဏ်စာအုပ်တွေ သေချာသိမ်းပါ။ ပိုက်ဆံအိတ်တွေကို လွယ်လွယ်ကူကူမထားပါနဲ့။ ချစ်သူ မရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကျန်းမာရေးအနေနဲ့ ဒူးနာ၊ ခါးနာဖြစ်တတ်တဲ့ကာလပါ။ အမြင့်တက်တာ၊ ဆင်းတာတွေ ဂရု စိုက်ပါ။  ငွေကြေးကံ ထူးထူးခြားခြားကောင်းနေပါတယ်။ မိတ်ဆွေကောင်းတွေ့ရင် လုပ်ငန်းတွေပူး ပေါင်းလုပ်ကိုင်ပါ။ အကျိုးပေးပါမယ်။ အချစ်ရေးမှာ နားလည်မှုလေးတွေ လွဲနေတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။