အမျိုးသမီးဝတ်အတွင်းခံတွေမှာ အိတ်ငယ်လေးတွေပါရခြင်းအကြောင်းရင်းနဲ့ အခြားစိတ်ဝင်စားဖွယ် အကြောင်းအရာများ

blank
၁။ အမျိုးသမီးဝတ်အတွင်းခံတွေမှာ ဘာကြောင့် အိတ်လေးတွေပါတာလဲ။

အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီတွေရဲ့ ခွကြားနေရာတွေမှာ အိတ်ပုံစံ (သို့) ၂ထပ် ထပ်ချုပ်ထားတဲ့ပုံစံလေးတွေ ပါနေတတ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေအနေနဲ့ သွားလာနေထိုင်ရာမှာ သက်တောင့်သက်သာရှိစေဖို့နဲ့ နူးညံ့တဲ့အစိတ်အပိုင်းကို ပိုမိုကာကွယ်ပေးတဲ့သဘောပါ။

၂။ စတိုင်လ်ပင်န် (style pants) တွေမှာ ဘာကြောင့် ခေါက်ရာတွေရှိတာလဲ။

စတိုင်လ်ပင်န်တွေကို ကြည့်လိုက်ရင် ရှေ့နဲ့ နောက်နေရာတွေမှာ ခေါက်ရာတွေထင်နေတာကို တွေ့ရပြီး လူအများစုကလည်း အဲဒီခေါက်ရာတွေအတိုင်း ဝတ်ဆင်ကြတာကို တွေ့ရပါတယ်။ စတိုင်လ်ပင်န်တွေ စတင်ခေတ်စားခဲ့စဉ်က ခေါက်ရာမပါပါဘူး။ ဒါပေမဲ့ နောက်ပိုင်း လူကြိုက်များလာပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ရတဲ့အခါမှာ ဘောင်းဘီတွေကိုခေါက်ပြီး သင်္ဘောတွေ၊ ရထားတွေနဲ့ ခရီးရှည်ကြာစွာပို့ဆောင်ရပါတယ်။ ခရီးချိန်ကြာတာကြောင့် ဘောင်းဘီတွေမှာ ခေါက်ရာတွေထင်ရာကစပြီး လူတွေက အဲဒီခေါက်ရာတွေအတိုင်း လက်ခံဝတ်ဆင်လာကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သွားတိုက်ဆေးတွေရဲ့ အောက်ခြေမှာ ဘာလို့ အနက်ရောင်လိုင်းတွေ ပါနေတာလဲ။

တချို့လူတွေက သွားတိုက်ဆေးဘူး၊ မျက်နှာသစ်ဆေးဘူးနဲ့ အခြားထုတ်ကုန်တွေရဲ့ အောက်ခြေနားက အနက်ရောင်လိုင်းလေးတွေ၊ အနီရောင်လိုင်းလေးတွေကို ထုတ်ကုန်တွေမှာပါဝင်တဲ့ကုန်ကြမ်းတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ဖော်ပြထားတယ်လို့ ထင်နေကြပါတယ်။ တကယ်က ဘူးတွေ ထုတ်လုပ်တဲ့အခါ ဖြတ်တဲ့စက်ကြောင့် အဲဒီအကြောင်းလေးတွေ ပါနေရခြင်းဖြစ်ပါတယ်။

၎။ သိုးမွေးဦးထုပ်တွေရဲ့ ထိပ်မှာ ဘာကြောင့် အလုံးလေးတွေ ပါတာလဲ။

သိုးမွေးဦးထုပ်တွေရဲ့ထိပ်မှာ အလုံးလေးတွေကို တပ်ဆင်တာကို ၁၉ရာစုနှစ်ရဲ့ ပြင်သစ်အပ်ချုပ်သမားတွေ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီခေတ်က သင်္ဘောတွေရဲ့ ဝမ်းဗိုက်တွေက နိမ့်တာကြောင့် သင်္ဘောစီးရင်း ရုတ်တရက်ထမိပြီး မျက်နှာကျက်နဲ့ ခေါင်းနဲ့တိုက်မိရင် မနာကျင်အောင်လို့ တပ်ဆင်တာဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ဦးထုပ်ပေါ်က အလုံးလေးတွေကို စတိုင်လ်တစ်မျိုးအဖြစ် တပ်ဆင်နေကြပါတယ်။

သူများတွေ သိအောင်လို့ SHARE ပေးလိုက်ပါဦးနော်။