သင့်အင်ပါယာကို သင့်ခွန်အားနဲ့ တည်ဆောက်ပါ။

blank

အသက်ရှူဖို့ လေကို တောင့်တတဲ့စိတ်မျိုးနဲ့ အောင်မြင်မှုကို တောင့်တမက်မောကြည့်လိုက်ပါ။ ဒါဆိုရင် သင်အောင်မြင်ပါလိမ့်မယ်။

  • အဲရစ် သောမတ်စ် (Eric Thomas)

အနာဂတ်ကံတရားအကြောင်းပြောဖို့၊ အနာဂတ်အတွက် စိတ်ကူးဖို့၊ အနာဂတ်ကို ပုံဖော်ကြည့်ဖို့လွယ်ပါတယ်။

ဒါပေမဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ကတော့ ခက်ခဲပါတယ်။

မနက်တိုင်းမှာ နိုးထရမယ်ဆိုတဲ့အသိနဲ့ နိုးထသလို ငါကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားပါ။

ကိုယ့်အတွက်ရော၊ အများအတွက်ပါ အကျိုးယုတ်စေမယ့် လုပ်ရပ်တွေကို ရှောင်ပါ။

စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားပါ။

အလုပ်လုပ်ရမယ့်အချိန်မှာ အိပ်မနေပါနဲ့။

တစ်ကြိမ်ထပ်ပြီး  ကြိုးစားခွင့်ရှိသေးတဲ့အလုပ်ကို လက်မလျှော့လိုက်ပါနဲ့။

ပင်ပန်းနေပြီဆိုရင်တောင် ရည်မှန်းချက်မရောက်မချင်း အားကုန်သုံးပြီး ကြိုးစားပါ။

“အောင်မြင်မှုဆိုတာ အပြောနဲ့တင် မရဘူး။ အလုပ်နဲ့မှ ရမယ်” ဆိုတာကိုသိရင် သင်အောင်မြင်သူတစ်ယောက်ဖြစ်လာလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင့်ရဲ့ အင်ပါယာကို သင့်ခွန်အားနဲ့ တည်ဆောက်ပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။