သူတစ်ပါးအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတာကို သက်သေပြသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်

blank

မိုးသည်းတဲ့ညလေးတစ်ညမှာ မြို့လေးတစ်မြို့ရဲ့ ဟိုတယ်ထဲကို ဇနီးမောင်နှံနှစ်ဦး အခန်းငှားရမ်းဖို့ရောက်လာခဲ့ကြတယ်။ ကံဆိုးစွာနဲ့ပဲ ဟိုတယ်မှာ အခန်းမရှိတော့တဲ့အတွက် သူတို့ဟာ ဒီအတိုင်းလှည့်ပြန်ရမယ့်ကိန်းဆိုက်နေတယ်။ အပြင်မှာကလည်း မိုးကသည်းနေတာဆိုတော့ သူတို့နှစ်ယောက်လုံး စိတ်ညစ်သွားမိတော့တယ်။ အဲဒီအချိန်မှာ ဧည့်ကြိုကောင်တာမှာထိုင်နေတဲ့ စာရေးလေးက…

“ဟိုတယ်မှာက အခန်းတော့မရှိတော့ပေမဲ့ အစ်ကိုနဲ့ အစ်မကို မိုးထဲလေထဲမှာ ဒုက္ခရောက်မှာကိုတော့ ကျွန်တော်မကြည့်ရက်ဘူးဗျာ။ အစ်ကိုနဲ့အစ်မ အဆင်ပြေမယ်ဆိုရင်တော့ ကျွန်တော့်အခန်းလေးရှိတယ်။ ဟိုတယ်ခန်းလောက် မကောင်းပေမဲ့ အစ်ကိုတို့ဒီညနေဖို့တော့ အဆင်ပြေလောက်ပါတယ်” လို့ပြောပြီး သူ့ရဲ့အခန်းကို လိုက်ပို့ပေးလိုက်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဇနီးမောင်နှံနှစ်ဦးကလည်း စာရေးလေးကို ကျေးဇူးတင်စွာနဲ့ပဲ သူ့ရဲ့အခန်းထဲမှာ တည်းခိုလိုက်တော့တယ်။

မနက်မှာတော့ အမျိုးသားကြီးဟာ စာရေးလေးကို သော့ပြန်အပ်ရင်း…

“ ကျေးဇူးအများကြီးတင်ပါတယ် ညီလေးရေ…။ မင်းဟာသိပ်ကိုတော်တဲ့လူတစ်ယောက်ပါ။ နောက်တစ်ချိန်မှာ မင်းဟာ ဟော်တယ်တစ်ခုရဲ့ မန်နေဂျာဖြစ်လာလိမ့်မယ်” လို့ပြောပြီး ထွက်သွားတော့တယ်။

စာရေးလေးဟာ အဲဒီကိစ္စကိုမေ့မေ့ပျောက်ပျောက်ဖြစ်လာခဲ့ပြီး နှစ်နှစ်ကြာတဲ့အခါမှာ  သူ့ဆီကို နယူးယောက်အတွက် လေယာဉ်လက်မှတ်တစ်စောင်နဲ့ စာလေးတစ်စောင်ထွက်ရောက်လာခဲ့တယ်။  စာထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်က မိုးသည်းတဲ့ညက ဟိုတယ်ခန်းငှားပေးခဲ့တဲ့အကြောင်းကိုပြောထားပြီး အဲဒီလေယာဉ်လက်မှတ်အတိုင်း စီးနင်းပြီးလိုက်လာခဲ့ဖို့ နယူးယောက်ကို လိုက်လာခဲ့ဖို့ ပြောထားတယ်။ စာရေးလေးနယူးယောက်ကိုရောက်တဲ့အခါမှာတော့ အမျိုးသားကြီးက သူ့ကို ခန့်ညားတဲ့ဟော်တယ်တစ်ခုကို ညွှန်ပြပြီး…

“ ဒါညီလေးမန်နေဂျာအဖြစ် အုပ်ချုပ်ဖို့အတွက် ကိုယ်ဆောက်ပေးခဲ့တဲ့ ဟိုတယ်ပေါ့ လို့ပြောလိုက်” သတဲ့။  အဲဒီအမျိုးသားကြီးဟာ Willian Waldrof Astor ဖြစ်ပြီး သူဆောက်ခဲ့တဲ့ ဟိုတယ်ကတော့ waldorf Astoria ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ပထမဦးဆုံးမန်နေဂျာ ဖြစ်လာခဲ့သူကတော့ George Boldt ဖြစ်ပါတယ်။

သူတစ်ပါးကို မျှော်လင့်ချက်မပါဘဲ ကူညီခြင်းဟာ မိမိအတွက်လည်း အကျိုးဖြစ်စေနိုင်တယ်ဆိုတာကို ပြသနေတဲ့ ဒီဇာတ်လမ်းလေးကို နှစ်ခြိုက်ခဲ့ရင် SHARE ပေးလိုက်ပါဦးနော်။