ကောင်းမြတ်ခြင်းတွေဆိုတာ ကောင်းမြတ်ခြင်းတွေနဲ့ပဲ မျှားယူရတဲ့အရာပါ

blank

တစ်ရက်မှာ ဆာဖရန်စစ်ဂယ်တန်ဆိုတဲ့ စိတ်ပညာရှင်ကြီးဟာ ထူးခြားတဲ့လက်တွေ့စမ်းသပ်မှု တစ်ခုကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်  အဲ့ဒီနေ့မှာ ခါတိုင်းလို လမ်းလျှောက်မထွက်ခင် သူ့ ကိုယ်သူ ယုံယုံကြည်ကြည်နဲ့ လေးလေးနက်နက် ရေရွတ်လိုက်တယ်။

“ ငါဟာ မုန်းစရာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်။ နောက်ပြီး လူတိုင်းကလည်း ငါ့ကို သိပ် မုန်းကြတယ် ”

ဂယ်လ်တန်ဟာ အထက်ပါစကားကို  နှစ်မိနစ်တိတိကြာအောင် အထပ်ထပ်အခါခါ ရေရွတ်ပြီး တော့  လျှောက်နေကျလမ်းအတိုင်း လမ်းလျှောက်ဖို့ ထွက်လာလိုက်တော့တယ်။  ဒါပေမဲ့ အရာအား လုံးကတော့ ခါတိုင်း သူကြုံနေကျ အတွေ့အကြုံတွေလို သမားရိုးကျမဟုတ်တော့ပါဘူး။

သူ့ကို ရန်သူတစ်ယောက်လို ရန်လိုမုန်းတီးနေတဲ့လူတွေနဲ့ အံ့သြစရာကောင်းလောက်အောင် ရင်ဆိုင်ရတော့တယ်။ အကြောင်းရင်းမရှိပါဘဲနဲ့ လူအများစုဟာ သူ့ကိုမြင်တာနဲ့ မကြည်လင်သလို မျက်နှာထားတွေနဲ့ တစ်ဖက်ကို လှည့်သွားကြတယ်။ တချို့များဆို သူ့ကို မကြားတကြားဆဲဆိုသွား တာတောင် ကြုံရပါတယ်။ ဂယ်လ်တန်ဟာ ဆက်လျှောက်လာရင်းနဲ့ ဆိပ်ကမ်းတစ်ခုကို ဖြတ်သွားတဲ့ အခါ သင်္ဘောကျင်းအလုပ်သမားတွေထဲက တစ်ယောက်က တံတောင်နဲ့တွတ်တာကြောင့် ဂယ်တန်လ် ခမျာ ညစ်ပတ်နေတဲ့ရေထဲကိုတောင် လဲကျသွားရပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါနဲ့တင်မကသေးပါဘူး။ လူသာမက တိရစ္ဆာန်တွေတောင်မှ သူ့ကိုရန်လိုနေကြတာကိုပါ ဂယ်လ်တန်ကြုံရတယ်။  မြင်းဇောင်းတစ်ခုကို ဖြတ်လျှောက်လာတဲ့အခါမှာ မြင်းကလှမ်းကန်လိုက် တာကြောင့် ဂယ်လ်တန်တစ်ယောက် ထပ်ပြီး လဲကျရပြန်ပါတယ်။ အဲ့ဒီအဖြစ်ကို တွေ့မြင်သွားတဲ့ အနီးအနားကလူတွေကများ သူ့ကို သနားဂရုဏာသက်လေမလားလို့ ဂယ်လ်တန်က မျှော်လင့်လိုက် ပေမဲ့ လူတွေက မသနားတဲ့အပြင် မြင်းဘက်ကနေ ရှေ့နေလိုက်ပြောပေးနေကြတာကြောင့် ဂယ်လ် တန်လက်လျှော့လိုက်ရပါတယ်။ ဂယ်လ်တန်ဟာ သူ့ရဲ့အယောင်ဆောင်စမ်းသပ်ချက်တွေရဲ့နောက်က လိုတာထက် ပိုဆိုးနေတဲ့ အကျိုးဆက်တွေကို ဆက်လက်ခံစားနိုင်စွမ်းမရှိတော့တာကြောင့် အိမ်ကို ပြန်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်ရတော့တယ်။

ဒီပုံပြင်လေးထဲမှာ စိတ်ပိုင်းဆိုင်ရာအရ ယုံကြည်ဖို့ခက်ခဲတဲ့ အကျိုးဆက်တွေပါနေပါတယ်။ ဒါ ပေမဲ့ ဒါတွေအားလုံးဟာ မှော်ဆန်ဆန်ဖြစ်ပျက်ခဲ့တာတော့မဟုတ်ပါဘူး။ တကယ်တော့ ဂယ်လ်တန် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတဲ့ပြဿနာတွေဆိုတာ ဂယ်လ်တန်ရဲ့အတွင်းစိတ်ယုံကြည်မှုက ရောင်ပြန်ဟပ် တာဖြစ်ပါတယ်။ ဒီပုံပြင်လေးထဲမှာ အဓိကပေးချင်တဲ့မက်ဆေ့ဂ်ျကတော့ လူတစ်ယောက်ရဲ့ ဘဝပုံရိပ် ဆိုတာ ကာယကံရှင်ရဲ့အတွေးအပေါ်မှာပဲ အဓိကမူတည်နေပါတယ်။ ဒါကြောင့် ဘဝကို ကောင်းတဲ့ ပုံ ရိပ်ဖြစ်စေချင်ရင် စိတ်ကို ကောင်းမြတ်ခြင်းတွေနဲ့ တည်ဆောက်ဖို့ လိုပါတယ်။ ဒီလိုတည်ဆောက်ခြင်း အားဖြင့် မိမိရဲ့ဘဝကိုသာမက မိမိအပေါ် လူတွေရဲ့တုံ့ပြန်မှုကိုပါ ကောင်းမွန်အောင် ပြောင်းလဲပေးနိုင် မှာဖြစ်ပါတယ်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။