အပျော်ရွှင်ဆုံးသူဆိုတာ…

blank

           တစ်ခါတုန်းက ကိုယ့်ဘဝကိုယ်ကျေနပ်စွာနဲ့ အသက်ရှင်နေတဲ့ ကျီးကန်းလေးတစ်ကောင်ရှိပါ တယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ သူဟာ ဖြူဖွေးနေတဲ့ ငန်းကိုမြင်ပြီး အတွေးပြောင်းသွားတယ်။

“ ကြည့်စမ်းပါဦး။ ဒီငန်းလေးက ဖြူဖွေးနေတာပဲ။ ငါကျတော့ မည်းလိုက်တာ။ ဒီငန်းကသာ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးငှက်ပဲ” လို့ ကျီးကန်းက တွေးမိတယ်။ ဒါနဲ့ သူက ငန်းကို အားကျ တဲ့အကြောင်း သွားပြောပြတယ်။ ငန်းက ခေါင်းခါပါတယ်။

တစ်ဆက်တည်းမှာပဲ “ မဟုတ်သေးဘူး ကိုကျီးကန်းရေ။ ကျွန်တော်လည်း ကြက်တူရွေးကို မမြင်ခင်ကအထိတော့ ကျွန်တော့်ကိုယ်ကျွန်တော် အပျော်ရွှင်ဆုံးငှက်လို့ ထင်ဖူးပါတယ်။ ဒါပေမဲ့ ကြက်တူရွေးမှာဆိုရင် အရောင်နှစ်ခုတောင်ပါတယ်။ ဒါကြောင့် သူကသာအပျော်ဆုံးငှက်ပါဗျာ” လို့ ပြန်ပြောတယ်။

ဒါနဲ့ပဲ ကျီးကန်းဟာ ကြက်တူရွေးဆီကို ရောက်သွားပြန်ပါတယ်။ ဒါပေမဲ့ ကြက်တူရွေးကလည်း ငြင်းပါတယ်။

“ ကျွန်တော့်ထက်လှတဲ့ ဒေါင်းရှိသေးတယ် ကိုကျီးကန်းရေ။ သူကသာ အရောင်တွေစုံပြီး လှပ နေတဲ့ အပျော်ရွှင်ဆုံးငှက်ပါ” တဲ့။

ကျီးကန်းဟာ ဒေါင်းနေထိုင်ရာ တိရစ္ဆာန်ဥယျာဉ်ထဲအထိ လိုက်သွားပါတယ်။ ရာနဲ့ချီတဲ့လူတွေ ဟာ ဒေါင်းကို ဝိုင်းကြည့်နေကြတယ်။ ဒါနဲ့ လူရှင်းတော့ ကျီးကန်းဟာ ဒေါင်းဆီချဉ်းကပ်သွားပါတယ်။

“ ကိုဒေါင်းရေ… ခင်ဗျားကတော့ တကယ်လှတဲ့ငှက်ပါပဲ။ ခင်ဗျားအလှကြောင့် ရာနဲ့ချီတဲ့ လူ တွေဟာ ခင်ဗျားကို နေ့စဉ်လာကြည့်ကြရတယ်။ ကျွန်တော့်ကိုများဆို လူတွေက မြင်ရုံနဲ့ ဝေးဝေးသွား ဖို့ မောင်းထုတ်ကြတာဗျ။ ခင်ဗျားဘဝကတော့ တကယ့်ကို ကျေနပ်နေပျော်စရာ အကောင်းဆုံးပါပဲဗျာ” ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒေါင်းက ကြေကွဲစွာနဲ့ ပြုံးပါတယ်။ ပြီးတော့“ မထင်ပါနဲ့ ကိုကျီးကန်း။ ခင်ဗျားပြောသလို ကျွန်တော်ဟာ အလှဆုံးငှက်ဖြစ်ချင်ဖြစ်မယ်။ ဒါ ပေမဲ့ အပျော်ဆုံးငှက်တော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့လှပတဲ့အမွှေးအတောင်ကြောင့် လူတွေက ကျွန်တော့်ကို ဟော့ဒီတိရစ္ဆာန်ရုံထဲထည့်သွင်း ပိတ်လှောင်ထားကြတယ်။ လူတကာရဲ့ကြည့်ရှုတာတွေကိုလည်း ခံနေရတယ်။ ကျွန်တော်သာကျီး ကန်းတစ်ကောင်ဆိုရင် အခုလို လှောင်အိမ်ထဲ မွန်းကြပ်စွာ ချုပ်နှောင်ခံထားရမှာမဟုတ်ပါဘူး။ ဒါ ကြောင့် ကျွန်တော်ထင်တဲ့အပျော်ဆုံးငှက်ဆိုတာတော့ လွတ်လပ်စွာ ပျံသန်းခွင့်ရနေတဲ့ ခင်ဗျားပါပဲ ကိုကျီးကန်းရယ်” လို့ အားကျစွာနဲ့ ပြောလိုက်ပါတယ်။

စာချစ်သူတို့ရေ… ကျွန်မတို့လူတွေကြားက ပြဿနာဆိုတာလည်း အဲ့ဒီလိုပါပဲ။ ကျွန်မတို့ အများစုဟာ မလိုအပ်ဘဲနဲ့ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့နှိုင်းယှဉ်နေမိကြတယ်။ ပြီးတော့ ဝမ်းနည်း အားငယ်ကြတယ်။ ကိုယ်ပိုင်ဆိုင်ထားရတဲ့ဘဝကို တန်ဖိုးထားဖို့မေ့နေကြပါတယ်။ တကယ်တော့ ကျွန်မတို့ရဲ့ဘဝက ကျွန်မတို့ကို မပျော်ရွှင်စေတာမဟုတ်ပါဘူး။ တခြားသူနဲ့နှိုင်းယှဉ်မိတဲ့စိတ်ကပဲ ကျွန်မတို့ကို မပျော်ရွှင်စေတာဖြစ်ပါတယ်။ ဒါကြောင့် ဘဝမှာ အပျော်ရွှင်ဆုံးသူဖြစ်ချင်ရင် ကိုယ်ပိုင် ဆိုင်ထားတဲ့ဘဝထဲက ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်ပြီး တန်ဖိုးထားဖို့ မမေ့ကြပါနဲ့နော်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။