တန်ဖိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာများ

blank

၁။ ဘဝဆိုတာ ဓာတ်လှေကားလိုပဲ။ သွားရာလမ်းတစ်လျှောက်မှာ ရပ်သင့်တဲ့အချိန်ရပ်ပြီး ထွက်သွားသင့်တဲ့သူတွေကို ထွက်သွားခွင့်ပေးဖို့ လိုပါတယ်။

၂။ ဘဝမှာ လုံးဝ မမေ့သင့်တဲ့လူ (၃) ယောက်ရှိတယ်။ ခက်ခဲနေတဲ့အချိန် ကူညီပေးခဲ့တဲ့သူ၊ ခက်ခဲနေတဲ့အချိန်မှာ ကျောခိုင်းသွားတဲ့သူနဲ့ အခက်အခဲတွေ့အောင် လုပ်ခဲ့တဲ့သူတွေပေါ့။

၃။ မထိုက်တန်တဲ့အရာတွေနောက်ကို ပြေးမလိုက်တော့ဘဲ ရပ်လိုက်တာနဲ့ ထိုက်တန်တဲ့အရာက သင့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလိမ့်မယ်။

၎။ ပြုမူပြောဆိုပုံတွေက လူတစ်ယောက်ရဲ့ အလှတရားကို သတ်မှတ်မပေးနိုင်ပါဘူး။ ကြင်နာပုံ၊ ဂရုစိုက်ပုံ၊ မျှဝေပုံတွေကမှ လူတစ်ယောက်ရဲ့ အလှတရားကို သတ်မှတ်ပေးတာပါ။

၅။ “ဆိတ်ဆိတ်နေခြင်း” နဲ့ပဲ ထိုက်တန်တဲ့သူတွေအတွက် စကားလုံးတွေ မဖြုန်းပစ်ပါနဲ့။ တစ်ခါတလေမှာ ဘာမှမပြောတာက အစွမ်းထက်ဆုံးနည်းလမ်းတစ်ခု ဖြစ်နေတတ်ပါတယ်။

၆။ မျှော်လင့်ချက်ထားပါ… ဒါပေမဲ့ မမျှော်မှန်းပါနဲ့။ ရှေ့ကို မျှော်ကြည့်ပါ… ဒါပေမဲ့ ရပ်စောင့်မနေပါနဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ သင်ဘယ်လိုလူမျိုးဖြစ်ချင်လဲ။ သင့်ပတ်ဝန်းကျင် သင်ဖြစ်ချင်တဲ့လူစားမျိုးတွေနဲ့ပဲ ဝန်းရံထားပါ။ သင့်ပတ်ဝန်းကျင်က သင့်ဆီမှာ ရောင်ပြန်ဟပ်တတ်ပါတယ်။

၈။ မလိုသူတွေရဲ့ ပြောစကားတွေကို ဂရုမစိုက်ခြင်းဟာ သင်လုပ်ခဲ့သမျှလုပ်ရပ်တွေထဲမှာ အမှန်ဆုံးပါ။

၉။ တချို့လူတွေက ကိုယ့်မုန်တိုင်းကို ကိုယ်တိုင်ဖန်တီးကြတယ်။ ပြီးတော့ အဲဒီမုန်တိုင်းကြောင့် မိုးရွာလာရင်လည်း စိတ်ညစ်တတ်ကြပြန်တယ်။

၁ဝ။ တစ်ခါတလေမှာ လူတွေဟာ သူတို့အတွက် စေတနာနဲ့လုပ်ပေးနေတာတွေကို မမြင်တတ်ကြဘူး။ သူတို့အတွက် မလုပ်ပေးတော့ဘူးဆိုမှ အဲဒီစေတနာကို နားလည်လာတတ်ကြတယ်။

ဘဝအသိအမြင်ကောင်းလေးတွေကို SHARE လိုက်ပါဦးနော်။