ပြိုလဲနေတဲ့ဘဝလေးတွေကို စကားလုံးလေးတွေနဲ့ ကူညီထူမတ်ပေးကြပါစို့။

blank

တစ်ခါတုန်းက ကျောင်းတစ်ကျောင်းမှာ စာတော်ပြီး ယှဉ်ပြိုင်မှုတိုင်းမှာ ထိပ်ဆုံးအဆင့်ရရှိနေ ကျ ကျောင်းသားလေးတစ်ယောက်ရှိပါတယ်။ မိဘတွေက ငွေကြေးတတ်နိုင်သူတွေဖြစ်တာကြောင့် သားဖြစ်သူကို ဘော်ဒါကျောင်းပို့လိုက်ပါတယ်။

စာတော်တဲ့ကလေးဟာ ဘော်ဒါရောက်ကတည်းက ပြောင်းလဲသွားပြီး အဆင့်တွေကျဆင်း လာပါတယ်။ အဖော်ပေါင်းတွေနဲ့နေရတာကို မုန်းတီးလာတယ်။ အချိန်ပြည့်လိုလို တစ်ယောက်တည်း နေနေခဲ့တယ်။ အမှောင်ထဲရောက်နေတဲ့အခါဆိုရင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့အထိ စိတ် ကူးလာပါတယ်။ ဒါတွေအားလုံးဟာ ကျောင်းသားလေးဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူး၊ ဘယ်သူမှ သူ့ကိုမချစ်ဘူးလို့ ခံစားနေရလို့ဖြစ်ပါတယ်။

သားလေးရဲ့အဖြစ်ကြောင့် မိဘတွေဟာ စိတ်ပူပန်ကုန်ကြတယ်။ ဒါပေမဲ့ သားဖြစ်သူမှာ ဘာ တွေမှားနေမှန်းလည်း သူတို့ခမျာမသိကြပါဘူး။ ဒါနဲ့ ဖခင်ဖြစ်သူက ကျောင်းကိုလိုက်သွားပြီး သားနဲ့ စကားပြောကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သားအဖနှစ်ယောက်တွေ့ကြတဲ့အချိန်မှာ ကျောင်းအနီးက ရေကန်လေးဘေးမှာ ထိုင်လိုက်ကြတယ်။ ဖခင်ဖြစ်သူက သားကို ကျောင်းအကြောင်း၊ ဆရာတွေ အ ကြောင်းနဲ့ အားကစားတွေအကြောင်းမေးရင်း စကားဝိုင်းကို အစပျိုးလိုက်တယ်။ အချိန်အနည်းငယ် ကြာမှ “ အဖေ အခုဒီကို ဘာလို့လာခဲ့တာလဲဆိုတာ ငါ့သားသိလား” လို့ မေးလိုက်တယ်။

သားက “သိပါတယ်။ ကျွန်တော့်အဆင့်ကို စစ်ဆေးဖို့မဟုတ်လား” လို့ ပြန်မေးတယ်။

“မဟုတ်ဘူး ငါ့သား” လို့ ဖအေဖြစ်သူက ပြန်ဖြေတယ်။

“ဒီနေ့ အဖေ ဒီနေရာကိုရောက်နေတာဟာ သားဟာ အဖေတို့အတွက် အရေးကြီးပုဂ္ဂိုလ်ဆို တာ ပြောပြချင်လို့ပါ။ သားပျော်ရွှင်နေတာကိုပဲ အဖေတို့မြင်ချင်တယ်။ သားရဲ့အဆင့်တွေအကြောင်း ကို ဂရုမစိုက်ပါဘူး။ သားအကြောင်းကိုပဲ အဖေဂရုစိုက်တယ်။ သားရဲ့ပျော်ရွှင်မှုအကြောင်းကိုပဲ အဖေ ဂရုစိုက်ပါတယ်။ သားကသာ အဖေ့ရဲ့ဘဝပါ”

ဖခင်ဖြစ်သူရဲ့စကားအဆုံးမှာ ကောင်လေးရဲ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်လျှံသွားပါ တယ်။ ချက်ချင်းပဲ အဖေ့ရင်ခွင်ထဲတိုးဝင်ပွေ့ဖက်လိုက်တယ်။ သူတို့တွေဟာ အတန်ကြာတဲ့အထိ တစ်ယောက်နဲ့တစ်ယောက်လည်း စကားမပြောမိကြဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အခုဆိုရင် ကောင်လေးဟာ သူအလိုချင်ဆုံးအရာတစ်ခုကို ရရှိခဲ့ပါပြီ။ သူ့အတွက် လိုအပ်နေ တာဟာ ကမ္ဘာပေါ်မှာ သူ့အပေါ် နက်နက်ရှိုင်းရှိုင်းဂရုစိုက်မယ့်သူတစ်ယောက်ပါပဲ။ ဒီနေ့မှာ ကောင် လေးဟာ ကောလိပ်မှာရှိတဲ့သူ့အတန်းထဲမှာ အထူးချွန်ဆုံးကျောင်းသားတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့ဝမ်းနည်းနေတတ်တဲ့ပုံရိပ်ကို ဘယ်သူမှမတွေ့မြင်ကြရတော့ပါဘူး။

ဒီဇာတ်လမ်းလေးအတိုင်းပါပဲ။ တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ဘဝတစ်ခုပြောင်းလဲသွားဖို့ ဆိုရင် ကြီးမားတဲ့လုပ်ဆောင်ချက်ကြီးတွေပြုလုပ်ပေးနေစရာမလိုပါဘူး။ မာသာထရီဆာ(Mother Theresa) ပြောခဲ့သလို “တစ်ခါတလေမှာ ကျွုန်မတို့တွေဟာ အထိအတွေ့၊ အပြုံးလေးတစ်ပွင့်၊ အကြင်နာ စကားလေးတစ်ခွန်း၊ နားထောင်ပေးတာလေးတစ်ခု၊ ရိုးစင်းတဲ့ချီးမွမ်းစကားလေးတစ်ခွန်း၊ ဒါမှမဟုတ် သေးဖွဲတဲ့ဂရုစိုက်မှုလေးတစ်ခုကနေ ဘဝတစ်ခုလုံးကိုတောင် ပြောင်းလဲသွားစေတဲ့ စွမ်း အားတွေ ပေးနိုင်တာကို ဘယ်တော့မှမမေ့ပါနဲ့” ဆိုတဲ့စကားလေးလိုပါပဲ။ ပြိုလဲနေတဲ့ဘဝလေးတွေကို အပြုသဘောဆောင်တဲ့ အကြင်နာစကားလေးတွေနဲ့ ထူမတ်ပေးနိုင်ကြပါစေ။

ခံစားမှုရသစာစောင်လေးတွေကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။