ပေးဆပ်တတ်တဲ့ နှလုံးသားပိုင်ရှင် (သို့မဟုတ်) ခင်ပွန်းသည်များ

blank

စူပါမားကတ်တစ်ခုက ငွေရှင်းကောင်တာနားမှာ ဇနီးမောင်နှံနှစ်ဦး ငွေရှင်းဖို့ရောက်လာကြသတဲ့။ ဇနီးသည်က ငွေရှင်းဖို့ပိုက်ဆံအိတ်ကို ဖွင့်လိုက်တဲ့အခါ တီဗွီရီမုတ်ကိုတွေ့လိုက်တဲ့ ငွေသိမ်းကောင်တာစာရေးအနေနဲ့ “ အစ်မက တီဗွီရီမုတ်ကို သွားလေရာဆောင်သွားတာပဲလား” လို့ တအံ့တသြနဲ့ မေးလိုက်တော့တယ်။

အမျိုးသမီးက “အမြဲတမ်းတော့မဟုတ်ပါဘူး။ ကျွန်မခင်ပွန်းက ကျွန်မနဲ့အတူတူလိုက်ပေးဖို့ ငြင်းဆန်တဲ့အခါမှာပေါ့” လို့ပြောလိုက်တယ်။

သင်ခန်းစာ။    ။ သင့်ဇနီးသည်ကို အမြဲအဖော်ပြုပေးပါ။

အရောင်းစာရေးဟာ ရယ်ရယ်မောမောနဲ့ပဲ credit ကတ်ကိုယူပြီး စက်မှာဖြတ်လိုက်တဲ့အခါ အံ့သြသွားတော့တယ်။ “အစ်မရေ… အစ်မရဲ့ ကတ်ကအပိတ်ခံလိုက်ရပြီတဲ့” ။ အမျိုးသားကတော့ “ဘာတတ်နိုင်သေးလဲ” ဆိုတဲ့အကြည့်နဲ့ ကြည့်လို့ပေါ့။

သင်ခန်းစာ။    ။ ခင်ပွန်းဖြစ်သူရဲ့ ဝါသနာကို လေးစားပါ။

အမျိုးသမီးဟာ ခင်ပွန်းရဲ့အိတ်ကပ်ထဲကနေ သူ့ရဲ့ credit ကတ်ကို တည်တည်ငြိမ်ငြိမ်ပဲယူပြီး အရောင်းစာရေးကို ပေးလိုက်တော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်ခန်းစာ။    ။ ဇနီးသည်ကို အထင်မသေးပါနှင့်။

Credit ကတ်ကို သုံးလိုက်တဲ့အခါမှာတော့ “ သင့်ဖုန်းထဲပေါ်လာတဲ့ OTP ကုတ်ကို နှိပ်ပါ” လို့ပေါ်လာတော့တယ်။

သင်ခန်းစာ။    ။ အမျိုးသားတွေ ရှုံးတော့မယ်အချိန်မှာ စက်တွေက ကယ်ပေးတယ်။

အမျိုးသမီးဟာ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားဟန်ပြင်လိုက်တဲ့အခါမှာတော့ သူမရဲ့ဖုန်းထဲကို ခင်ပွန်းဖြစ်သူ Forward လုပ်ပေးလိုက်တဲ့ OTP ကုတ်ရောက်လာတော့တယ်။

နောက်ဆုံးမှာတော့ ဇနီးသည်ဟာ သူမလိုချင်တာတွေကို ပျော်ပျော်ပါးပါးနဲ့ဝယ်ယူပြီးထွက်သွားတော့တာပေါ့။

သင်ခန်းစာ။    ။ အမျိုးသားတွေဟာ ဇနီးသည်တွေကို အမြဲတမ်း အလျှော့ပေးတတ်ကြပါတယ်။

အလျှော့ပေးတယ်ဆိုတာ သိပ်ချစ်လို့ဆိုတာကို ဇနီးသည်သိအောင် ပြောပြလိုက်ပါဦးနော်။