သကြားပါဝင်မှုများတဲ့ အချိုရည်သောက်သုံးခြင်းက Dementia ရောဂါဖြစ်ပွားစေနိုင်

blank

            လူတော်တော်များများက အချိုစားတာများရင် အဝလွန်မယ်၊ အဆီတက်မယ်၊ ဆီးချိုသွေးချိုဖြစ်မယ်လို့ပဲ သိကြတယ်။ ဦးနှောက်ကို ထိခိုက်မယ်လို့ ဘယ်သူမှ မထင်ကြဘူး။ တကယ်တော့ အချိုစားတာများရင် ဦးနှောက်မှတ်ဉာဏ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

သကြားပါဝင်မှုများတဲ့ အချိုရည်တွေကို သောက်သုံးခြင်းက ဒီမန်းရှား (Dementia) လို့ ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါကို ဖြစ်ပွားစေနိုင်ကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနနှစ်ခုအရ သိရှိရပါတယ်။

အချိုရည်တွေကို စွဲစွဲလမ်းလမ်းသောက်သုံးသူတွေက အသက်ကြီးလာတဲ့အခါမှာ မှတ်ဉာဏ်အားနည်းလာတာတွေ၊ ဦးနှောက်အရွယ်အစားသေးသွားတာတွေ၊ ပြီးတော့ သင်ယူမှတ်သားနိုင်စွမ်း လျော့ကျသွားတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချတဲ့ ဆိုဒါ (diet soda) တွေလည်း ထိုနည်း၎င်းပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်ထပ်သုတေသနတစ်ခုကတော့ သကြားပါဝင်မှုများတဲ့ အချိုရည်အသောက်များတဲ့သူတွေဟာ အချိုရည်မသောက်သူတွေထက် မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ၊ လေဖြတ်လေငန်းရောဂါဖြစ်ပွားနိုင်ခြေ သုံးဆ ပိုမိုများပြားပါတယ်။ ဒါတင်မကသေးပါဘူး။ သကြားဓာတ် စားသုံးမှုများရင် အဝလွန်ရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။

အချိုဓာတ်ဆိုတာ ဦးနှောက်အတွက်တော့ အဆိပ်ပါပဲ။

အချိုစားများရင် dementia သာမက အယ်လ်ဇိုင်းမားရောဂါ (အရပ်အခေါ်သူငယ်ပြန်ရောဂါ) ဖြစ်ပွားစေနိုင်ပါတယ်။ သွေးတွင်းမှာ သကြားဓာတ်များနေရင်လည်း မှတ်ဉာဏ်ချို့ယွင်းမှုတွေ ဖြစ်စေနိုင်ပါတယ်။

အချိုရည်တွေ၊ အချိုတွေ ကြိုက်တဲ့သူတွေကို mention ခေါ်ပြီး သတိပေးလိုက်ပါဦးနော်။