ကျွန်မချစ်သော… ထိုနွေဦး

blank

ဒီလို လေရူးပွေတဲ့ နွေဦးရာသီရောက်ဖို့ စောင့်လိုက်ရတာ။ အခုတော့ နွေဦးပေါက်ခဲ့ပြီပေါ့။

မတ်လဆိုရင် ရာသီဥတုလေးက မအေးတော့သလို ပူလည်းမပူသေးဘူး။ မနက်ခင်းစောစောတွေမှာ မြူခိုးလေးတွေ ဝေပြီး ဆောင်းအကြွင်းနဲ့ နွေအစကို တစ်ပြိုက်နက်တည်း ခံစားရတဲ့ ရာသီလေးပေါ့။ ကျွန်မအတွက်တော့ ဒီရာသီက တစ်နှစ်လုံးရဲ့အလှပဆုံးရာသီပါပဲ။ သူများတွေက မိုးရာသီတို့၊ ဆောင်းရာသီတို့ကို ချစ်ကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ ရာသီတွေထဲမှာ နွေဦးကို အချစ်ဆုံးပဲ။ အကြောင်းရင်းလေးတွေကတော့ ဒီလိုပါ။

နွေဦးမှာ ရာသီဥတုလေးက သိပ်ကောင်းတယ်၊

နွေဦးမှာ ပွင့်တဲ့ ပန်းတိုင်းလိုလို မွှေးကြတယ်၊

နွေဦးရဲ့ လေပြေလေးတွေက လူကို လန်းဆန်းစေတယ်၊

နွေဦးရဲ့ ရှုခင်းရှုကွက်တွေက အရောင်စုံပြီး လှပလွန်းတယ်၊

နွေဦးရဲ့ နေ့ရက်တွေက ရှည်လျားတယ်၊

ဆောင်းညတွေလွန်ပြီး နွေဦးရောက်တဲ့အခါမှာတော့ တစ်လောကလုံးက နိုးထတက်ကြွနေတယ်၊ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်ကမ္ဘာလုံးရဲ့ နွေဦးမြင်ကွင်းတိုင်းက လှပသက်ဝင်နေတယ်။

ကျွန်မတို့တွေ ဆောင်းညတွေမှာ အေးလွန်းလို့ဘယ်မှမထွက်ရသမျှ နွေဦးရောက်ပြီဆိုတာနဲ့ အပြင်ထွက်ပြီး သဘာဝအလှအပကို ခံစားကြတယ်။ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးကြတယ်။ ခရီးတွေသွားကြတယ်။

သင်လည်း ချစ်စရာကောင်းပြီး လှပတဲ့ နွေဦးအလှ၊ နွေဦးသဘာဝကို အကောင်းဆုံး ခံစားဖို့ မမေ့နဲ့နော်။ အချိန်က လူကိုမစောင့်သလို နွေဦးကလည်း သင့်ကိုမစောင့်ဘဲ ကုန်သွားဦးမှာပဲ မဟုတ်လား။

နွေဦးရာသီကို ချစ်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။