လူတွေ ကွယ်လွန်ခါနီးမှာ နောင်တရစွာနဲ့ တမ်းတလေ့အရှိဆုံး ဆန္ဒ ၅ ခု

blank

သေခြင်းတရားဆိုတာ သက်ရှိမှန်သမျှ ရှောင်လွှဲမရတဲ့နိယာမတရားဖြစ်ပါတယ်။ ရှင်သန်ခွင့် ဆိုတာ လူတိုင်းအတွက် အကန့်အသတ်ကိုယ်စီနဲ့ပါ။ လူအတော်များများကတော့ အဲ့ဒီအကန့်အသတ် ကို ပျော်ရွှင်နေချိန်၊ ငယ်ရွယ်တက်ကြွနေချိန်၊ အောင်မြင်မှုသရဖူဆောင်းနေချိန်တွေမှာ အမှတ်တမဲ့ပဲ ကျော်ဖြတ်လာကြပါတယ်။ ရှောင်လွှဲမရတဲ့နောက်ဆုံးအချိန်နဲ့ကြုံတဲ့အခါမှ ကုန်ဆုံးပြီးသွားတဲ့အချိန် တွေနဲ့ပတ်သက်ပြီး နောင်တရကြပါတယ်။ ကွယ်လွန်ခါနီးမှာ လူအများစု ပြောလေ့ရှိဆုံးနောင်တ စ ကားလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ တခြားသူတွေ ကိုယ့်ကိုဖြစ်စေချင်တဲ့ဘဝမျိုးထက် ကိုယ်တိုင်တကယ်ယုံကြည်တဲ့ဘဝမျိုးကို တည် ဆောက်ခဲ့ချင်တယ်။

၂။ ငွေတွေချည်းကုန်းရုန်းရှာဖွေမနေဘဲ ကိုယ့်ကျန်းမာရေး၊ ကိုယ့်မိသားစုအပေါ် ပိုဂရုစိုက်ခဲ့ချင်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ကိုယ့်ခံစားချက်တွေကို ဒီထက်ပိုပြီး ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုရဲတဲ့သတ္တိမျိုး မွေးခဲ့ချင် တယ်။

၎။ သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေနဲ့ ဒီထက်ပိုပြီး ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေး နေခဲ့ချင်တယ်။

၅။ ကိုယ့်ကိုယ်ကို ဒီထက်ပိုပျော်ရွှင်အောင် ထားခဲ့ချင်တယ်။

သင်ပိုင်ဆိုင်ထားတဲ့အသက်ရှင်ခွင့်လေးကို အချိန်မီတန်ဖိုးထားလိုက်ပါနော်။ စာစောင်လေးက သင့်အတွက် ခံစားမှုတစ်ခုခုရရှိစေတယ်ဆိုရင် SHARE လိုက်ပါဦး။