အရှုံးပေးရင် နှလုံးအေးတယ်ဆိုတာ ဘဝကြီးတစ်ခုလုံးအတွက်မဟုတ်ပါ

blank

ဘဝမှာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘဲ တက်တက်စင်လွဲသွားတဲ့အခါ…

ဆက်လျှောက်ရမယ့် ဘဝခရီးလမ်းက ကြမ်းတမ်းသယောင်ထင်ရတဲ့အခါ…

ဝင်ငွေနည်းပြီး အကြွေးတွေ လည်ပင်းနစ်နေတဲ့အခါ…

ပြုံးချင်ပေမယ့် သက်ပြင်းရှည်ကြီးတွေပဲ အခါခါချနေရတဲ့အခါ…

ဒုက္ခတွေကို လျစ်လျူရှုချင်ပေမယ့် စိတ်နှလုံးမှာ အမြဲတစေ ဖိစီးနေတဲ့အခါ…

ပင်ပန်းနေတဲ့ သင့်စိတ်ရောကိုယ်ပါ ခေတ္တအနားပေးလိုက်ပါ။

လောကဓံရဲ့ရိုက်ချက် ဘယ်လောက်ကြမ်းကြမ်း ဘဝကို လုံးဝအရှုံးမပေးလိုက်ပါနဲ့။

ဆန်းကြယ်လှတဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေကြား နေသားတကျရှိအောင်

ကျွန်မတို့ ငယ်စဉ်ကတည်းက သင်ကြားခဲ့ရတယ်။

တစ်ခါတရံ သင့်နောက်က လူတွေက သင့်ကို ကျော်တက်သွားပြီး

မာနစွက်တဲ့ အကြည့်တွေနဲ့ သင့်ကို နှိမ်ချင်ကြမယ်။

ဒါက ဖြစ်တတ်တဲ့သဘောလေးပါ။

ဒါပေမယ့် သင့်ခြေလှမ်းတွေကို အရှိန်လျှော့မပစ်ပါနဲ့။

သင့်အောင်မြင်မှုဟာ သင့်ကြိုးစားမှုနဲ့ပဲ သက်ဆိုင်တာပါ။

ဘဝအောင်မြင်မှုပန်းတိုင်နဲ့ နီးကပ်လာတဲ့အခါ

ခြေလှမ်းတွေ ဒယိမ်းဒယိုင် ဖြစ်လာတတ်တာ သဘာဝပါ။

အောင်မြင်မှု ဆုဖလားကို ရယူနိုင်ချေရှိနေပါလျက်

တချို့လူတွေဟာ ဆက်လက်မရုန်းကန်ကြတော့ဘဲ လက်မြှောက် အရှုံးပေးတတ်ကြတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နောက်ကျသွားတဲ့အချိန်ကျမှ ငါတို့က အောင်မြင်မှုပန်းတိုင်နဲ့ အရမ်းကို နီးကပ်နေခဲ့ပါလားလို့ နောင်တနဲ့အတူ သိလိုက်ကြတယ်။

အနိုင်အရှုံးဆိုတာ ဘဝကြီးထဲကို တစ်လှည့်စီ ရောက်လာတတ်တယ်။

သံသယတိမ်တိုက်တွေရဲ့ ငွေရောင်အနားသတ်မျဉ်းတွေလိုပဲပေါ့။

အောင်မြင်မှုဆိုတာ သင်နဲ့ လက်တစ်ကမ်းမှာသာရှိပေမယ့်

မြင်အောင်မကြည့်တတ်ရင် ဝေးကွာနေသယောင် ထင်ရတတ်ပါတယ်။

လောကဓံရဲ့ ရိုက်ချက်ပြင်းပြင်းတွေကို တန်ပြန်တိုက်ခိုက်ရင်းနဲ့

စိတ်ဓာတ်ခိုင်မာလာတတ်တယ်ဆိုတာ မြဲမြဲ မှတ်ထားပါ။

ဆိုးရွားတဲ့ ကိစ္စတွေနဲ့ ကြုံရတဲ့အချိန်ဟာ လောကကြီးကနေ

လက်မြှောက်အရှုံးပေးပြီး ထွက်သွားရမယ့်အချိန်မဟုတ်ဘူးဆိုတာကိုလည်း သတိရပါ။