ဘဝအတွက် အမှန်အကန်အသုံးဝင်တဲ့ ဒဿနများ

blank

၁။ လူတိုင်းရဲ့ ဘဝမှာ သူတို့အရင်က ဖြစ်ခဲ့တဲ့သူတစ်ယောက် ဘယ်တော့မှပြန်မဖြစ်နိုင်တော့အောင် ပြောင်းလဲပေးလိုက်တဲ့ အခြေအနေတစ်ခုကိုတော့ ဖြတ်ကျော်ကြုံတွေ့ရပါလိမ့်မယ်။

၂။ သင့်ကိုအမှန်တကယ်ချစ်တဲ့သူဟာ သင်ဘယ်လိုပဲပြုမူပါစေ။ ဘယ်လိုပဲ စိတ်ရှုပ်စရာကောင်းနေပါစေ။ ဘယ်လိုပဲ နားလည်ရခက်နေပါစေ သင့်ဘေးနားမှာ မခွဲမခွာရှိနေပေးတတ်တဲ့သူပဲဖြစ်ပါတယ်။

၃။ သင့်ရဲ့ အချစ်ရေးအခြေအနေတစ်ခုတည်းသာ မဟုတ်ဘဲ ဘဝတစ်ခုလုံးကို ပြောင်းလဲပေးနိုင်မယ့်သူကိုသာ လက်တွဲပါ။

၎။ သင့်ဘေးနားမှာ အမြဲတမ်းရှိနေပေးတတ်တဲ့သူတွေဟာ သင့်ရဲ့ကောင်းမွန်မှုတွေနဲ့ ထိုက်တန်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ လူတိုင်းမှာ ပြဿနာတွေရှိကြပါတယ်။ တချို့လူတွေက ဖုံးကွယ်တာ တော်ကြလို့ပါ။

၆။ ဘဝရဲ့ မုန်တိုင်းကာလမှာ အတူရှိနေပေးတတ်တဲ့သူတွေကို နေသာတဲ့ရက်တွေမှာလည်း နေရာပေးဖို့ မမေ့ပါနဲ့။

၇။ သင့်ကိုအမြဲအဖော်ပြုပေးတတ်တဲ့သူတွေကို အထီးကျန်ဆန်အောင် မပြုလုပ်မိပါစေနဲ့။