ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ တန်ဖိုးကြီးလက်ဆောင်များ

blank

ယနေ့ကမ္ဘာကြီးဟာ ကမ္ဘာဦးအစအချိန်နဲ့ ဘာမှမဆိုင်တော့လောက်အောင် တိုးတက်ပြောင်းလဲနေပါတယ်။ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက်၊ သမိုင်းတွေ တစ်ခုပြီးတစ်ခု ပြောင်းလဲရင်း ပညာရပ်တွေ၊ သိမှတ်စရာတွေ၊ အတွေ့အကြုံတွေကို ကျွန်မတို့ရဲ့ ဘိုးဘေးတွေက ကျွန်မတို့လိုလူငယ်တွေအတွက် လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ အဲဒီလို လက်ဆင့်ကမ်းပေးခဲ့တဲ့ အရာတွေထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင် (၄)မျိုးရှိပါတယ်။

ပထမလက်ဆောင် (သို့မဟုတ်) ခွင့်လွှတ်နိုင်တဲ့ အစွမ်းသတ္တိ

ဒီလက်ဆောင်ကို ရတယ်ဆိုတာ ကျွန်မတို့အတွက်တော့ ရွေးချယ်မှုတစ်ခုပါပဲ။ ခွင့်မလွှတ်တဲ့သူတွေကိုတောင် ခွင့်လွှတ်ပေးပြီး စိတ်အေးချမ်းစွာနေမလား၊ ဒါမှမဟုတ် အမုန်းတွေ၊ အငြှိုးအတေးတွေကို ဆက်လက်ဆုပ်ကိုင်ထားပြီး စိတ်ပူလောင်နေမလားလို့ပေါ့။ ခွင့်လွှတ်ခြင်းကို ရွေးချယ်လိုက်တာက အရှုံးပေးလိုက်တာလို့ ထင်ရပေမဲ့ တကယ်တမ်းက စိတ်တွေ အေးချမ်းသွားပြီး အနိုင်ယူလိုက်တာပဲ မဟုတ်လား။

ဒုတိယလက်ဆောင် (သို့မဟုတ်) ပြန်လည်ကုစားနိုင်တဲ့ အစွမ်းသတ္တိ

ဒီလက်ဆောင်ကို ရလိုက်ခြင်းကြောင့် စိတ်ရော၊ ကိုယ်ပါ ကျန်းမာပြီး သဘာဝတရားကြီးနဲ့ တစ်သားတည်းဖြစ်သွားပါတယ်။ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကိုယ့်ရဲ့ စိတ်နဲ့ကိုယ်မှာ ဘာတွေဖြစ်နေတယ်၊ ဘယ်လိုကုစားရမယ်ဆိုတာကိုလည်း သိနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တတိယလက်ဆောင် (သို့မဟုတ်) ညီညွတ်ခြင်းရဲ့ အစွမ်းသတ္တိ

စည်းလုံးခြင်းရဲ့ အစွမ်းကြောင့် ကမ္ဘာပေါ်ကလူသားတွေ၊ ကမ္ဘာမြေကြီးနဲ့ စိတ်ဝိဉာာဉ်တွေအားလုံး တစ်သားတည်းဖြစ်သွားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖေးမကူညီပြီး ပိုမိုကောင်းမွန်နဲ့ ကမ္ဘာကြီးကို တည်ဆောက်နိုင်လာပါတယ်။ ပြီးတော့ လူသားတွေကြားမှာ အားပေးဖေးမမှုတွေလည်း ရှိလာခဲ့ပါတယ်။

စတုတ္ထလက်ဆောင် (သို့မဟုတ်) မျှော်လင့်ချက်ရဲ့ အစွမ်းသတ္တိ

မျှော်လင့်ချက်ရဲ့ အစွမ်းကတော့ အခုကျွန်မတို့အားလုံးရဲ့ဘဝမှာ အရေးပါနေတဲ့ လက်ဆောင်ပေါ့။ မျှော်လင့်ချက်ဆိုတာ နှလုံးသားအတွက်တော့ တန်ဖိုးကြီးစွမ်းအင်အရင်းအမြစ်ပါပဲ။ စိတ်ဆန္ဒကို မျှော်လင့်ချက်တစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေ လိုပါတယ်။ ရှေးလူကြီးတွေက ကျွန်မတို့ကို ပံ့ပိုးပေးမဲ့ ကျွန်မတို့ချစ်ရတဲ့သူတွေရယ်၊ ကျွန်မတို့အပေါ်ကောင်းတဲ့ လောကကြီးရယ်ရှိနေတယ်ဆိုတဲ့ အသိကို လက်ဆင့်ကမ်းပေးခဲ့တာကြောင့် ကျွန်မတို့ မျှော်လင့်ချက်တွေ ထားနိုင်တာဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်တွေကြောင့်ပဲ နောက်တစ်နေ့ နေထွက်အလာကို ကျွန်မတို့မျှော်ကြရတာမဟုတ်လား။

ဒီလက်ဆောင်တွေအားလုံးကို လက်ခံရရှိထားတယ်ဆိုရင် ဂုဏ်ယူစွာနဲ့ SHARE လိုက်ပါနော်။