ကျန်းမာလှပ ဝိတ်ကျစေဖို့ လှေကားအတက်အဆင်းလုပ်ကြစို့

blank

ဓာတ်လှေကား၊ စက်လှေကားတွေက လူတွေအတွက် ပိုမိုသက်သာစေဖို့ တီထွင်ထားတဲ့အရာတွေပါ။ ဒါပေမဲ့ လှေကားအတက်အဆင်းလုပ်ခြင်းက သင့်ကိုပိုပြီး ကျန်းမာရေးကောင်းစေနိုင်တာကို သင်သိပါသလား။ ကျန်းမာရေးကောင်းရုံတင်မဟုတ်ဘူးနော်။ ဝိတ်ကျစေပြီး ခန္ဓာကိုယ်လည်း လှပစေပါတယ်။ လှေကားတက်ခြင်းကရတဲ့ အကျိုးကျေးဇူးကောင်းတွေကို ပိုပြီး ပြည့်ပြည့်စုံစုံသိစေဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဝိတ်ကျစေတယ်။

လေ့လာတွေ့ရှိချက်တွေအရ သာမန်မြေညီမှာ လမ်းလျှောက်တာထက် လှေကား အတက်အဆင်းလုပ်တာက ခန္ဓာကိုယ်အတွင်းက ကယ်လိုရီတွေကို (၃)ဆပိုမိုလောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ Gym မှာ အလေးမတာနဲ့ ဆင်ခြေလျှောမှာ လမ်းလျှောက်တာထက် ၂ဆပိုမိုပြီး ဝိတ်ကျလွယ်စေတယ်လို့လည်း သိရပါတယ်။

၂။ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို မျှတစေတယ်။

လှေကားတက်ခြင်းက ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားတွေကို သန်မာစေတာကြောင့် ခန္ဓာကိုယ်အထက်ပိုင်းနဲ့ အောက်ပိုင်းကို အချိုးအဆစ်ပြေပြစ်ညီညွတ်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ စိတ်ကို ပေါ့ပါးပျော်ရွှင်စေတယ်။

လှေကားတက်တဲ့အခါမှာ ခန္ဓာကိုယ်ကနေ ပျော်ရွှင်မှုကိုဖြစ်ပွားစေတဲ့ အန်ဒေါ်ဖင် (endorphins)ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတာကြောင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စေပါတယ်။

၎။ ချွေးထွက်စေပြီး ခန္ဓာကိုယ်ကိုပေါ့ပါးစေတယ်။

လှေကားတက်တဲ့အခါ လူတိုင်းချွေးထွက်ကြမှာပါ။ လှေကားအတက်တင်မဟုတ်ပါဘူး။ လှေကားအဆင်းကလည်း ချွေးထွက်စေပြီး ခန္ဓာကိုယ်ကို ပေါ့ပါးစေနိုင်ပါတယ်။

၅။ နှလုံးကျန်းမာရေးကောင်းစေတယ်။

ခြေထောက်တွေနဲ့ တင်ပါးဆုံကြွက်သားတွေရဲ့ လှုပ်ရှားမှုက အသက်ဝဝရှူစေပြီး နှလုံးခုန်နှုန်းမြန်စေပါတယ်။ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး နှလုံးအားကောင်းစေပါတယ်။

ကဲ… ဒီကောင်းကျိုးတွေကို သိပြီးပြီဆိုတော့ ဓာတ်လှေကား၊ စက်လှေကားတွေဘက်ကို ခြေဦးမလှည့်နဲ့တော့နော်။ တမင်သက်သက်အချိန်ပေးပြီး လှေကားအတက်အဆင်းလေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင် ကြုံတဲ့အချိန်လေး လှေကားကိုသုံးပြီး အတက်အဆင်းလုပ်ရင်း အထက်မှာဖော်ပြထားတဲ့ အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ရအောင်နော်။

လှေကားတက်ရမှာ ပျင်းတဲ့သူငယ်ချင်းလေးတွေကို mention ခေါ်ပြီး ဖတ်ခိုင်းလိုက်ဦးနော်။